Jan 07, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည့်အချက်များကို ဖော်ပြထားပါသည်။
Jan 07, 2023

မြန်မာနိုင်ငံသည် ရေသယံဇာတအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး ရေချိုထုတ်ယူနိုင်မှုတွင် ကမ္ဘာ့အဆင့် ၈ ရှိသည်ဟုဆိုသည်။ လူတစ်ဦးတစ်နေ့အတွက် ရေချိုရရှိမှုကို အိမ်နီးချင်းနိုင်ငံအချို့နှင့်နှိုင်းယှဉ်ပါက အိန္ဒိယက ၁၅၆ ကုဗပေ၊ ထိုင်းက ၃၂၀ ကုဗပေရရှိပြီး မြန်မာက ၁၀၃၂ ကုဗပေရရှိနေခြင်းဖြစ်သည်။ ဤသည်မှာ လူတစ်ဦးချင်းပျမ်းမျှရရှိမှု ကိန်းဂဏန်းပမာဏများသာဖြစ်ပြီး ဒေသအလိုက်အားဖြင့် မိုးရာသီကုန်ဆုံးသည်နှင့် ရေအတွက် ရတက်ပွေကြရသည့် ဒေသများစွာတို့ရှိနေသည်ကိုလည်း တွေ့နိုင်သည်။
Jan 04, 2023

ယနေ့သည် မြန်မာနိုင်ငံ၏သမိုင်းတွင် ထူးခြားမွန်မြတ်သည့် နေ့တစ်နေ့ ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။ လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခု ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ်မြောက်ကာလသို့ ရောက်ရှိလာပြီဖြစ်၍ မြန်မာ့သမိုင်းတွင် တစ်မူထူးခြားသည့် စိန်ရတုလွတ်လပ်ရေးနေ့ကို အထူးဂုဏ်ပြုအသိအမှတ်ပြုရမည် ဖြစ်သည်။
Jan 04, 2023

ယနေ့သည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၇၅ နှစ်တာသမိုင်းတွင် အကြီးကျယ် အခမ်းနားဆုံးဖြစ်သည့် စိန်ရတုလွတ်လပ်ရေးနေ့ အောင်ပွဲသဘင်ကို နိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ဆင်ယင်ကျင်းပသည့်နေ့ ဖြစ်သည်။ နှစ်စဉ် လွတ်လပ်ရေးနေ့အခမ်းအနားများကို နိုင်ငံတစ်ဝန်း၌ ကျင်းပရခြင်းသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် ရာစုနှစ်နှင့်ချီ၍ အသက်၊ သွေး၊ ချွေးတို့ပေးဆပ်ကာ ရုန်းကန်ကြိုးပမ်းခဲ့ကြသော ဘိုးဘွားတို့၏ ကျေးဇူးတရားတို့ကို အောက်မေ့သတိရကြရန်၊ အခြားကမ္ဘာ့နိုင်ငံများနှင့်တန်းတူ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သော နိုင်ငံသားများဟူသည့် ဘဝကိုလေးစားမြတ်နိုး တန်ဖိုးထားနိုင်ကြစေရန်၊ ငြိမ်းချမ်းသာယာ ဝပြောသော၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို နိုင်ငံသားများ၊ တိုင်းရင်းသားများ အားလုံးက တစည်းတလုံး၊ တညီတညွတ်တည်း ကြိုးပမ်းတည်ဆောက်နိုင်ကြစေရန်ဟူသည့် ရည်ရွယ်ချက်များ ပါဝင်ကိန်းအောင်းလျက်ရှိသည်။
Jan 03, 2023
ထူးခြားလေးနက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးဆောင်ရွက်ခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့ အခါသမယတွင် နှစ်စဉ်နှစ်တိုင်း ဘွဲ့ထူးဂုဏ်ထူးဆုတံဆိပ်များကို ချီးမြှင့်အပ်နှင်းလျက်ရှိပြီး ယခုနှစ်သည် လွတ်လပ်ရေးရရှိပြီးသည်မှာ (၇၅)နှစ်မြောက် ရောက်ရှိလာပြီဖြစ်၍ ယခင်နှင့်မတူ ထူးထူးကဲကဲ ချီးမြှင့်အပ်နှင်းခဲ့သည်ကို တွေ့ရသည်။
Jan 03, 2023
နှစ်ပေါင်းထောင်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သည့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ဇာတိပုညဂုဏ်မာန တက်ကြွဖွယ်ရာများနှင့်အတူ သင်ခန်းစာယူဖွယ်၊ သံဝေဂရဖွယ်တို့လည်း များစွာရောပြွမ်းလျက်ရှိသည်။ ဧရာဝတီနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကြီးများကို အုပ်ချုပ်ရေးဗဟိုပြု၍ ဘေးမှဝန်းရံထားသော ပြည်ထောင်များနှင့် စုစည်းနေထိုင်ခဲ့သည့် ပြည်ထောင်စုပုံစံသည် ဗြိတိသျှတို့ ကျူးကျော်သိမ်းပိုက်ခြင်းမခံရမီအချိန်ကတည်းက တည်ရှိခဲ့သည့်ပုံစံဖြစ်ပြီး စည်းလုံးညီညွတ်သည့် ထိုအင်အားဖြင့် ပင်ပတ်ဝန်းကျင်နိုင်ငံများ၏ လေးစားခန့်ညားမှုကို ရရှိခဲ့ခြင်းဖြစ်သည်။
Jan 02, 2023

တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်အရ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများကို လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နှောင့်ယှက်ထိပါးတိုက်ခိုက်ခြင်းမရှိသရွေ့ ယမ်းငွေ့ယမ်းနံ့နှင့် ပစ်သံ ခတ်သံ၊ ပေါက်ကွဲသံတို့ ကင်းစင်တိတ်ဆိတ်နေမည်ဖြစ်သည်။
Dec 31, 2022

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည်မှာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယသို့ ရောက်ရှိလာပြီဖြစ်သည်။ ဘိုးဘွားဘီဘင်များက လွတ်လပ်ရေးကို အသက်၊ သွေး၊ ချွေး၊ ဘဝများပေးဆပ်ကြကာ ခက်ခက်ခဲခဲ ရယူပေးခဲ့သည့်လွတ်လပ်ရေးကို မျက်မှောက်ကာလ လွတ်လပ်သောနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့က ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် တာဝန်ရှိပေသည်။
Dec 31, 2022

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအတည်ပြုထုတ်ပြန်နိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်သည်။ လူ့အခွင့်အရေးသည် လူသားအားလုံးနှင့် သက်ဆိုင်သည့် အခြေခံစံနှုန်းများဖြစ်ပြီး မိမိတို့၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် သူတစ်ပါး၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးတို့ကိုလည်း အသိအမှတ်ပြု လေးစားတန်ဖိုးထားခြင်း၊ တန်းတူရည်တူရှိစေခြင်းတို့လည်း လိုအပ်သည်။
Dec 30, 2022
၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှုကိုအကြောင်းပြု၍ CRPH ၊ NUG အကြမ်းဖက်အဖွဲ့များဖြစ်လာသည်။ CRPH ၊ NUG အကြမ်းဖက်အဖွဲ့များ၏ သွေးထိုး မြှောက်ပင့်ထောက်ပံ့ပေးမှုဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များပေါ်ပေါက်လာပြီး အကြမ်းဖက်ဖောက်ခွဲသတ်ဖြတ်မှုများပြုလုပ်ခဲ့ရာ နိုင်ငံပိုင်၊ ပြည်သူပိုင် အဆောက်အအုံပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး အပြစ်မဲ့ပြည်သူအမြောက်အမြား သေကျေပျက်စီးခဲ့ရသည်။