Skip to main content
Jun 24, 2022
“ဓမ္မဝိနယ”ဟုခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ထင်ရှားစွာရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိနေသည်မည်၏။ “သာသနာ”ဟူသည်မှာ ဤ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များပင်ဖြစ်၏။ အဆိုပါ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ ရှိနေသမျှကာလပတ်လုံး မြတ်စွာဘုရားရှင်လည်းရှိနေသည်မည်၍ သာသနာတော်လည်း ထွန်းကားနေမည်ဖြစ်၏။
Jun 24, 2022
ပြီးခဲ့သည့် မေလမှစတင်၍ မြန်မာနိုင်ငံသို့ ခရီးသွားဗီဇာဖြင့် ပြည်ပခရီးသွားဧည့်သည်များ အရေအတွက် ဆယ်ဂဏန်းအနည်းငယ်မျှ ဝင်ရောက်လာခဲ့ရာ ယခုဇွန်လ တတိယပတ်အတွင်း ထိ ၆၀၀ ကျော် ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ ကမ္ဘာတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုစတင်ချိန်တွင် ဦးစွာထိခိုက်ဆုံးရှုံးရသည့် စီးပွားရေးလုပ်ငန်းများထဲတွင် ခရီးသွားလုပ်ငန်းများကလည်း ထိပ်ဆုံး၌ ပါဝင်သည်။
Jun 22, 2022
စီးပွားရေးမူဝါဒပြောင်းလဲမှု သို့မဟုတ် ဈေးကွက်စီးပွားရေးစနစ် ဖြစ်တည်မှုသည် နိုင်ငံ၏ နိုင်ငံရေးပုံစံပြောင်းလဲမှုနှင့် ထက်ကြပ်မကွာ လိုက်ပါပြောင်းလဲနိုင်မှသာ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုဘဝများကို ပုံဖော်ပေးနိုင်မည် ဖြစ်သည်။
Jun 22, 2022
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကောင်းစွာ ထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင်လည်း ကပ်ရောဂါအရှိန် လျော့လာပြီဖြစ်ရာ ကိုဗစ်-၁၉ အလွန်စီးပွားရေး ပြန်လည်ထူထောင်မှုများကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည့်အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သို့ရာတွင် နောက်ထပ်ဖြစ်ပေါ်လာသည့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများမှ ရိုက်ခတ်လာသည့် အခက်အခဲ၊ အကျပ်အတည်းများက ကိုဗစ်-၁၉ ဖိစီးနှိပ်စက်မှုမှ နာလန်ထလာကြရသည့် နိုင်ငံများကို ထိခိုက်ခံစားရမှု ကြီးမားစေသည်။
Jun 19, 2022
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးရေချိန်အများအပြား ရွာသွန်းလျက်ရှိခြင်း၊ လာနီညာဖြစ်စဉ် အကျိုးသက်ရောက်မှုကြောင့် အရှေ့ဘက်မှ လေပွေလှိုင်း များ တိုက်ခတ်ခြင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုခြင်းကဲ့သို့သော ရာသီဥတု ဖြစ်စဉ်များ ဖြစ်လာနိုင်သည့် အခြေအနေများကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် အလားအလာများကို မျက်ခြည်မပြတ် ဂရုပြုကြရတော့မည် ဖြစ်သည်။
Jun 18, 2022
နိုင်ငံတွင် စက်သုံးဆီနှင့်စားသုံးဆီသုံးစွဲမှုမြင့်မားသဖြင့် ပြည်ပမှ စက်သုံးဆီ၊ စားသုံးဆီများကို နှစ်စဉ်တင်သွင်းနေရသည်။ ပြည်တွင်းဆီဖူလုံရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါဆီနှစ်မျိုးကို ခြိုးခြံချွေတာသုံးစွဲရမည်ဖြစ်ပြီး တစ်ဖက်တွင် ပြည်တွင်း၌ထုတ်လုပ်နိုင်သော စားသုံးဆီသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ဆထက်တိုး၍ စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်သည်။
Jun 18, 2022
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သော မြန်မာအားကစားသမားများအား အထူးကိစ္စရပ်အနေဖြင့် လူစီးမော်တော်ယာဉ် ဝယ်ယူခွင့်ပြုကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့ရာ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမြင့်မားဆုံးစွမ်းဆောင်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူ အားကစားမောင်မယ်တို့အတွက် နိုင်ငံတော်၏ နောက်ထပ်အားပေးဂုဏ်ပြုချီးမြှင့်မှုပင်ဖြစ်သည်။
Jun 16, 2022
ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၏ လုပ်ငန်းတိုင်းတွင် သုတေသနလုပ်ငန်းများကို ထူထောင်ထားကြပြီး စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်နေကြသည်။
Jun 16, 2022
မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပျူခေတ်သမိုင်းစဉ် ဆွေးနွေးပွဲကို ဇွန် ၂၀ ရက်မှ ၂၂ ရက်အထိ အမျိုးသားပြတိုက်(ရန်ကုန်)တွင် ကျင်းပမည်ဖြစ်ပြီး စိတ်ဝင်စားသူ ပညာရှင်များကို သုတေသနပြု တွေ့ရှိချက်များ၊ ခိုင်မာသော အထောက်အထားများနှင့်တကွ ပါဝင်ဆွေးနွေးကြရန်လည်း ဖိတ်ခေါ်ထားသည်။
Jun 13, 2022
ဥပဒေဘောင်အတွင်း နေထိုင်ခြင်းသည် စိတ်အေးချမ်းသာ လွတ်လပ်စွာဖြင့် နေထိုင်ရသည်။ ဥပဒေ၏ အကာအကွယ်ပေးမှုဖြင့် စိတ်ချလက်ချ နေထိုင်နိုင်ပေသည်။