Apr 04, 2023
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အသိပညာ၊ အတတ်ပညာရှင်များပေါများခြင်းသည် အဓိကအချက်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံတိုင်းနိုင်ငံတိုင်းသည် အသိပညာရှင်၊ အတတ်ပညာရှင်များပေါများရေးအတွက် ပညာရေးရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးဆောင်ရွက်ကြသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများကိုကြည့်လျှင် အသိပညာရှင်၊ အတတ်ပညာရှင်များ လုံလောက်စွာရှိပြီး နိုင်ငံတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ကြသည်ကို တွေ့ရမည်ဖြစ်သည်။
Apr 04, 2023
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းရာတွင် နိုင်ငံတစ်ဝန်းလုံးမှ ဆန္ဒမဲပေးခွင့်ရှိသူ ၂၇ သန်းကျော်အနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ဆန္ဒမဲပေးသူများအနက်မှ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက အတည်ပြုရန် ထောက်ခံခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းရာတွင် ချမှတ်ခဲ့သော သန္နိဋ္ဌာန် (၄) ရပ်မှာလည်း မှတ်သားစရာကောင်းသည်။
Apr 03, 2023
မြတ်စွာဘုရားရှင်သည် လောကလူသားများ ကောင်းကျိုးချမ်းသာဖြစ်စေသည့် ကောင်းမြတ်မှန်ကန်သော မင်္ဂလာတရား (၃၈)ပါးကို ဟောကြားတော်မူခဲ့သည်။ (၃၈)ဖြာမင်္ဂလာတရားတော်တွင် “ပူဇာ စ ပူဇနေယျာနံ” ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ “ဂါရဝေါ စ” ရိုသေထိုက်သူတို့ကို ရိုသေခြင်း၊ “နိဝါတော စ” မာန်မာန မရှိခြင်းဟူသည့် မင်္ဂလာတရားကို ကျင့်သုံးသောသူတို့သည် ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာကောင်းကျိုးများကို တိုးပွားဖြစ်ထွန်းစေသည်။
Apr 03, 2023
လောကီအလို၊ နက္ခတ်ဂြိုဟ်က၊ ထိုထိုသီးပွင့်၊ ခါမလင့်ဘူး၊ နုရင့်ချိန်မီ၊ ကိုက်ဖူးစီလျက်၊ ရာသီမသိ၊ ပန်းနှင့်ညှိသော်၊ ညီဘိကာလ၊ မလွန်ကြရှင့် ... ဟူသော မဃဒေဝလင်္ကာ၏ အဆိုအတိုင်းပင် ဂြိုဟ်နက္ခတ်တို့သည် အချိန်မှန်လှည့်ပတ်လျက် ဥတုရာသီတို့ကလည်း အချိန်မှန်ကူးပြောင်းကြပြီး သစ်ပင်ပန်းမန်တို့ကလည်း သူ့အချိန်အခါ ရာသီအလိုက် ပွင့်ကြ၊ သီးကြကုန်သည်။ သဘာဝတရားကြီး၏ အချိန်မှန်လည်ပတ်နေသော ဖြစ်စဉ်တို့ကို မှတ်သား၍ လူတို့က နေ့၊ ရက်၊ လ၊ နှစ် စသည်တို့ကို ပိုင်းခြားသတ်မှတ်ကြကာ ယဉ်ကျေးမှုအစ ရှေးကာလမှသည် မျက်မှောက်ခေတ်တိုင်အောင် အသုံးပြုလျက်ရှိကြသည်။
Apr 01, 2023
လူအချင်းချင်း စာနာထောက်ထားမှုလုံးဝမရှိ မေတ္တာတရားခေါင်းပါးစွာဖြင့် သားကောင်သဖွယ်ဆက်ဆံသော အပြုအမူသည် လူကုန်ကူးခြင်းဖြစ်သည်။ လူကို ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် ကုန်သွယ်မှုအဖြစ်သဘောထားခြင်း သို့မဟုတ် ကျွန်စနစ်အဖြစ် သွတ်သွင်းခြင်းလက္ခဏာများသည် လူကုန်ကူးခြင်း သို့မဟုတ် လူမှောင်ခိုကူးခြင်းဖြစ်သည်။ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုကူးခြင်းသည် သဘောသဘာဝတူသော်လည်း အသွင်သဏ္ဌာန်မှာ ကွဲပြားခြားနားသည်။
Apr 01, 2023
နိုင်ငံတစ်နိုင်ငံကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ပုံဖော်တည်ဆောက်ကြရသည့် အဓိကတာဝန်ကို ထမ်းဆောင်ကြသူများမှာ အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် အစိုးရအဖွဲ့ကို ရွေးကောက်ပွဲတွင် ပြည်သူကရွေးကောက်တင်မြှောက်ပေးလိုက်သည့် ကိုယ်စားလှယ်များဖြင့် ဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်ရာ အစိုးရအဖွဲ့သည် သက်တမ်းအလိုက် ပြောင်းလဲမည်ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများကိုလိုက်၍ မူဝါဒများလည်း ပြောင်းလဲနေမည်ဖြစ်သည်။
Mar 30, 2023
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများမှာ ယနေ့ထက်တိုင် ဖြစ်ပွားနေဆဲဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ပုံစံအမျိုးမျိုးဖြင့်ရှိခဲ့ပြီး အချိန်ကာလတစ်ခုတွင် တွေ့ဆုံဆွေးနွေးအဖြေရှာ၍ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြပြီ။ ပဋိပက္ခများအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဖြစ်တည်လာခြင်းသည် တိုင်းပြည်အနာဂတ်ကို မြော်တွေး၍ ပြည်သူများ၏ဘဝအာမခံချက်ပေးမည်ဟူသည့် ခံယူချက်ကြောင့်ဖြစ်သည်။
Mar 29, 2023
စာသင်နှစ်တစ်နှစ် ပြီးဆုံးသွားပြီးနောက် ယခုကာလသည် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလဖြစ်ပြီး ကျောင်းသူကျောင်းသားများအဖို့လည်း ရက်သတ္တပတ်အနည်းငယ်မျှ အနားယူပြီးခဲ့ကြပြီဖြစ်သည်။ အတန်းတင်စာမေးပွဲကြီးပြီးဆုံးစတွင် ကျောင်းသူကျောင်းသားများအနေဖြင့် တစ်နှစ်တာလုံးအားထုတ်ကြိုးပမ်းခဲ့သမျှအတွက် လုံလောက်စွာအနားယူရန် လိုအပ်သော်လည်း နွေကျောင်းပိတ်ရက်တစ်ခုလုံးအနေဖြင့်မူ မိမိတို့အတွက်အကျိုးရှိစွာ အသုံးချနိုင်ကြရန်လည်း လိုအပ်မည်ဖြစ်သည်။
Mar 29, 2023
တပ်မတော်သည် ပြည်သူလူထုနှင့်အတူလက်တွဲပြီး တိုင်းတစ်ပါးအုပ်စိုးမှုအောက်မှ လွတ်မြောက်အောင်ဆောင်ရွက်ပေးခဲ့သဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာသော တိုင်းရင်းသားပြည်သူများနှင့်ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး၊ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၌ ဖြစ်ပေါ်လာသောလိုအပ်ချက်များ ဖြေရှင်းပေးရေး၊ မိဘပြည်သူလူထုတို့အား ကာကွယ်စောင့်ရှောက်ရေးနှင့်လိုလားချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
