May 26, 2023
ယနေ့သည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် နှစ် ၁၀၀ ပြည့်သောနေ့ဖြစ်သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်အဆင့်သစ်တောပညာကို ၁၉၂၃ ခုနှစ်က ရန်ကုန်တက္ကသိုလ်တွင် Forestry School ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင် နှစ် ၁၀၀ ပြည့်မြောက်ပြီဖြစ်သည့်အလျောက် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ (၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့) တွင် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပခြင်းဖြစ်သည်။
May 25, 2023
(၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅၂ ပါးတို့အား ချီးကျူးပူဇော်ပွဲ၊ အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို မေလ ၂၃ ရက်နေ့က ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ကျင်းပခဲ့သည်။
May 25, 2023
မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးသည် အဓိကကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေပြည်သူများ ပါဝင်လုပ်ကိုင်နေကြသည့် ကဏ္ဍဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးတို့မှာ မြေယာကိုအခြေပြုရသော လုပ်ငန်းများဖြစ်သည့်အလျောက် မြေအသုံးချမှုများနှင့်စပ်လျဉ်း၍ အနာဂတ်အထိပါမျှော်မှန်းကာ စနစ်တကျစီမံခန့်ခွဲကြရမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက “မိမိတို့နိုင်ငံတွင် လူသန်း ၁၀၀ အတွက် စိုက်ပျိုးမြေလုံလောက်စွာရှိရန် မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် လယ်ယာမြေများကို အခြားနည်းများဖြင့်သုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်” မကြာသေးမီက မှာကြားခဲ့ရာ အနာဂတ်တွင်တိုးပွားလာမည့် လူဦးရေနှင့်အညီ စားရေရိက္ခာဖူလုံစွာထုတ်လုပ်ပေးနိုင်ရန် စိုက်ပျိုးမြေများ အကြောင်းအမျိုးမျိုးဖြင့် လျော့ပါးပျောက်ကွယ်မသွားစေရေးအတွက် ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုသည်။
May 23, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်း သီတင်းပတ်အစီအစဉ်အနေဖြင့် မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံရေးကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာတတ်မြောက်ရေးအတွက် မိဘအုပ်ထိန်းသူများအားလုံးက ကျောင်းအပ်နှံပေးရမည်ဖြစ်သည်။
May 23, 2023
မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို အမြို့မြို့အနယ်နယ်တို့တွင် ကျင်းပနေကြပြီဖြစ်သည်။ မုတ်သုံရာသီအစ ဇွန်၊ ဇူလိုင်လတို့တွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကျင်းပကာ သစ်ပင်မျိုးစုံ သိန်းနှင့်သန်းနှင့်ချီ၍ စိုက်ပျိုးကြဦးမည်ဖြစ်သည်။
May 21, 2023
မြန်မာနိုင်ငံတွင် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန်၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အလေးထားလုပ်ဆောင်နေသည့်အချိန်အခါတွင် ဖြစ်ပေါ်တိုးတက်မှုများကို မလိုလားမရှုဆိတ်နိုင်သည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများက ပြည်သူများအထင်အမြင် လွဲမှားစေရန် အဆိုးမြင်အယူအဆများ မပြတ်သွတ်သွင်းနေသည်ကို မြင်တွေ့ ကြားသိကြရပေမည်။
May 21, 2023
“ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၏အားကသာနိုင်ငံတော်ကို စစ်မှန်သည့် အကျိုးဖြစ်ထွန်းစေခြင်းကြောင့် မောင်တို့မယ်တို့သည် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ ဖြစ်အောင် ကျင့်ကြံကြိုးစားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၉ ရက် နေ့ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများ အား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
May 20, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်ပါ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး” ဟူသည့်အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကို နေပြည်တော်၌ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။
May 20, 2023
ဆင်းရဲမွဲတေမှုဟူသည် ပိုင်ဆိုင်မှုနည်းပါးသော သို့မဟုတ် ဝင်ငွေနည်းပါးသောအခြေအနေကိုဖော်ပြသည်။ ဆင်းရဲမွဲတေမှု ဝါ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရာတွင် လူတစ်ဦးအတွက် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်လိုအပ်သည့်ဝင်ငွေနှင့် တိုင်းတာသည်။ နောက်တစ်နည်းမှာ တူညီသောနေရာနှင့် တူညီသောအချိန်ကာလအတွင်း သတ်မှတ်ထားသည့် အနိမ့်ဆုံးသော လူနေမှုအဆင့်အတန်းကို ပြည့်မီခြင်းရှိမရှိနှင့် တိုင်းတာသောနည်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အခြေခံအကျဆုံးအချက်မှာ ဝင်ငွေနည်းပါးခြင်းပင်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် အဘက်ဘက်မှနိမ့်ကျစေသည်။
May 19, 2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ရှေးဟောင်းအမွေအနှစ်များဖြစ်သည့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇက အနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင်တောဘုရားတို့၌ ရေဝင်မှုများဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား၊ အဆောက်အအုံရှစ်ခုတို့တွင် ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သည်။
