Feb 27, 2026
၂၀၃၀ ပြည့်နှစ်တွင်ရောက်ရှိမည့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များအနက်မှ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူလူထု၏ မျှော်မှန်း လူ့သက်တမ်းတိုးမြင့်လာစေရေးအတွက် လာမည့်ငါးနှစ်တာကာလသည် အရေးကြီးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဆိုင်ရာ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
Feb 27, 2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ အာဟာရသုခဈေးအတွင်း ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် မီးလောင်မှုဖြစ်ပွားရာ ဈေးဆိုင်ခန်းပေါင်း ၂၄၀ မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုဖြစ်စဉ်သည် ပွဲရုံတန်းတွင် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပွားရာမှ စတင်ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် မီးလောင်မှု၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်း၏ ဘော်ဒါဆောင်မီးလောင်မှု စသည်တို့မှာလည်း လျှပ်စစ်နှင့်ဆက်နွှယ်၍ ဖြစ်ပွားသည့် မီးလောင်မှုများဖြစ်သည်။
Feb 26, 2026
ရန်ကုန်မြို့ပြပတ်ဝန်းကျင်ကောင်းကင်ယံတွင် ယခုရက်ပိုင်းအတွင်း လေထုများ အုံ့ဆိုင်းမှုန်မှိုင်းနေသည်ကို မြို့နေပြည်သူအားလုံး ကြုံတွေ့ကြရသည်။ အဆိုပါဖြစ်စဉ်သည် မိုးအုံ့ခြင်း၊ မြူခိုးများအုံ့ဆိုင်းနေခြင်းမဟုတ်ဘဲ လေထုညစ်ညမ်းမှုကြောင့်ဖြစ်နေသည်ကို သတိပြုမိရမည်ဖြစ်သည်။ လေထုညစ်ညမ်းမှုသည် မွန်းလွဲပိုင်း၌ အဆင့် ၁၁ ရှိရာမှ ညနေပိုင်းတွင် IQ Air အရ ကမ္ဘာ့အဆင့် ၄ သတိပြုရမည့်အခြေအနေသို့ ရောက်နေသည်။ လေထုညစ်ညမ်းမှုသည် လေထုထဲ၌ မီးခိုး၊ ဓာတ်ငွေ့၊ ဖုန်မှုန့်၊ မြူခိုး၊ အနံ့အသက်နှင့် ရေခိုးရေငွေ့များ ရှိသင့်သည့်ပမာဏထက် ပိုမိုများပြားနေသောကြောင့်ဖြစ်သည်။
Feb 26, 2026
ဆောင်းတစ်ဝက် နွေတစ်ဝက် တပေါင်းလလွန်သော် နွေရာသီသို့ မကြာမီရောက်တော့မည်ဖြစ်သည်။ နွေကြိုကာလ၊ နွေကာလနှင့် မိုးကြိုကာလတို့မှာ သတိထားကြရမည့် သဘာဝဘေးတစ်ခုမှာ လေပြင်းဘေးအန္တရာယ်ဖြစ်သည်။ နွေကြိုကာလနှင့် နွေကာလတို့တွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်းပြီး မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်သည်။ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ် လျှောက်တွင် စိုက်ဆင်းလေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရန် လိုသည်။
Feb 25, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်(တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကြေညာခဲ့သည်။
Feb 25, 2026
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်သည် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့်ပုံရိပ်ကို ထိခိုက်စေရန်ရည်ရွယ်သည့် နိုင်ငံရေးဖိအားပေးမှု သက်သက်သာဖြစ်သဖြင့် အဆိုပါထုတ်ပြန်ချက်ကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်လိုက်သကဲ့သို့ ကန့်ကွက်ပယ်ချမှုလည်း ပြုလိုက်သည်။
Feb 24, 2026
လျှပ်စစ်စွမ်းအားသည် လူ့ဘောင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောကဏ္ဍဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော လျှပ်စစ်ဓာတ်အားများ အပြည့်အဝရရှိစေရန် နိုင်ငံတိုင်း နိုင်ငံတိုင်းအနေဖြင့် မိမိတို့ပိုင်ဆိုင်ထားသည့် စွမ်းအင်အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်၍ လျှပ်စစ်ဓာတ်အားများ ကြိုးပမ်းထုတ်လုပ်နေကြသည်။ နှစ်စဉ်တိုးပွားနေသော လူဦးရေနှင့် တိုးတက်လာသော လူမှုစီးပွားအခြေအနေများအရ လျှပ်စစ်ဓာတ်အားကို လုံလောက်ပိုလျှံအောင် ထုတ်လုပ်နေရမည်ဖြစ်သည်။
Feb 24, 2026
ခြောက်သွေ့ရာသီရောက်လာသည်နှင့် လေထုညစ်ညမ်းမှုပြဿနာလည်း စတင်ဖြစ်ပေါ်လာသည်။ လေထုညစ်ညမ်းမှုဆိုသည်မှာ လေထဲတွင် အန္တရာယ်ရှိသည့် ဓာတ်ပစ္စည်းများနှင့် အမှုန်အမွှားများ ပါဝင်နေခြင်းဖြစ်ပြီး လူ ၁ဝဝ လျှင် ၉ဝ တို့က ထိုညစ်ညမ်းသည့် လေကိုရှူနေကြရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။ ထို့အပြင် လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်၍ နှစ်စဉ် လူ ၁၇ သန်း သေဆုံးနေကြရသည်ဟုလည်း ဆိုသည်။
Feb 23, 2026
နိုင်ငံတော်က ရည်မှန်းတည်ဆောက် အကောင်အထည်ဖော်နေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းပါဝင် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသော ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပပေးခဲ့ပြီးဖြစ်သည်။
Feb 23, 2026
Vape ဟူ၍ လူသိများကြသည့် e- Cigarette ကို ဆေးလိပ် ဖြတ်ရန်အတွက် အစားထိုးပစ္စည်းအဖြစ် မူလကရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်တီထွင်ထုတ်လုပ်လိုက်သည့် အဆိုပါပစ္စည်းသည် ဆယ်စုနှစ်တစ်ခုကျော်မျှကာလအတွင်း ကမ္ဘာတစ်ခွင်ပျံ့နှံ့သွားခဲ့ပြီး အသုံးပြုသူများ တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။ ယခုအခါ ခေတ်မီဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည့် အီး-စီးကရက်ကို လူငယ်လူရွယ်များအတွင်း တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြသလို ဆေးလိပ်စွဲသကဲ့သို့ စွဲလမ်းမှုများ၊ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာသည့် အထောက်အထားများလည်း ပေါ်ထွက်လာနေပြီဖြစ်သည်။
