Skip to main content
Jun 10, 2026
လူတို့စွန့်ပစ်သည့်အမှိုက်များမှာ လူနှင့်နီးရာရပ်ရွာပတ်ဝန်းကျင်များတွင်သာမက ကမ္ဘာ့သမုဒ္ဒရာကြီးများ အလယ်ထိပင်ရောက်ရှိနေသည်။ အမှိုက်များဝန်းရံနေသည့် ပတ်ဝန်းကျင်သည် ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေရုံသာမက စိတ်ပိုင်းဆိုင်ရာခံစားမှုကိုလည်း မကောင်းသည့်အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး၊ လူနေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြားများ၊ ရေနုတ်မြောင်းများမှာ စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များ မြင်မကောင်းအောင် ထူထပ်ပိတ်ဆို့လျက်ရှိရာ စည်ပင်ဝန်ထမ်းများ၊ အများအကျိုးဆောင် အဖွဲ့အစည်းများက မည်မျှပင်ရှင်းလင်းပေးကြစေကာမူ မကြာခင်မှာပင် အမှိုက်များက ပြန်လည်ဖုံးလွှမ်းသွားမြဲဖြစ်သည်။
Jun 09, 2026
ကမ္ဘာလုံးဆိုင်ရာ သက်ရှိလူသားများနှင့် သတ္တဝါများအားလုံး ကောင်းမွန်စွာ ရှင်သန်ရပ်တည်နေထိုင်နိုင်ရေးအတွက် အရေးကြီးသည့် အချက်တစ်ခုမှာ သဘာဝပတ်ဝန်းကျင်သန့်ရှင်းကောင်းမွန်နေခြင်းပင်ဖြစ်သည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု သို့မဟုတ် လေထုညစ်ညမ်းမှုများဖြစ်ပေါ်ပါက သက်ရှိများ၏ ဘဝရှင်သန်မှုကို သက်ရောက်မှုအတိုင်းအတာပေါ်မူတည်၍ အနည်းနှင့်အများဆိုသလို ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
Jun 09, 2026
မြန်မာနှင့် တရုတ်တို့၏ နှစ်နိုင်ငံကြား နယ်နိမိတ်မှာ ၁၃၈၄ မိုင်ခန့် ရှည်လျားသည်။ ဤမျှရှည်လျားသော နယ်နိမိတ်ကို ဖြတ်ကျော်၍ နှစ်ပေါင်းထောင်ချီသည့် အချိန်ကာလများတစ်လျှောက် လူများ၊ ကုန်စည်များသာမက ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမတို့ပါ အပြန်အလှန်စီးဆင်းခဲ့ရာတွင် ယဉ်ကျေးမှုများ ပေါင်းစည်းကြွယ်ဝခြင်း သဘောတရားအရ မိမိတို့နိုင်ငံအဖို့လည်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းခဲ့သည်။
Jun 08, 2026
နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတော်တစ်ဝန်း တည်ငြိမ်အေးချမ်းစေရေးနှင့် ဒေသတွင်းနေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားရာ တပ်မတော်အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဒေသအလိုက် တည်ငြိမ်အေးချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့မှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများကို ဒေသတစ်ခုပြီးတစ်ခု အကောင်အထည်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်နေရသည်။
Jun 08, 2026
မြန်မာနိုင်ငံသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှ သမိုင်းတင်သည့် ခေတ်အဆက်ဆက်တိုင်အောင် သမိုင်းကြောင်းရှည်လျားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ သမိုင်းအမွေအနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းများစွာ ကြွင်းကျန်ရစ်လျက်ရှိပြီး မကြာခဏဆိုသလိုလည်း တွေ့ရှိနေကြသည်။ ရှေးဟောင်းပစ္စည်းများသည် နိုင်ငံနှင့်လူမျိုး၏ အတိတ်ကာလနှင့် ယဉ်ကျေးမှုအဆင့်အတန်းတို့ကို ပြန်လည်ဖော်ညွှန်း ပြသနေသည့် သက်သေအထောက်အထားများပင်ဖြစ်သည်။
Jun 07, 2026
ကမ္ဘာကြီးပူနွေးလာမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများအပါအဝင် အမျိုးမျိုးသောအကြောင်းများကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိရာ ယခု ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ အပူချိန်မြင့်မားမှုများကို တစ်မူထူးကဲစွာ ကြုံတွေ့နေရသည်။ လက်ရှိတွင် နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနေပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ယခုအခါ အယ်လ်နီညို အစပြုသည့်အခြေအနေများ ကြုံတွေ့ခံစားနေရပြီး နှစ်ကုန်ပိုင်းတွင် ယခုအခြေအနေထက် ပိုမိုလွန်ကဲလာမည်ဖြစ်သောကြောင့် အပူချိန်မြင့်မားလာမှုကို ကြိုတင်စီမံဆောင်ရွက်ထားရမည်ဖြစ်သည်။
Jun 07, 2026
​​​​​​​၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ဆူပူဆန္ဒပြမှုများကို နောက်ကွယ်မှ ကြိုးကိုင်သူများက နိုင်ငံ့ဝန်ထမ်းများ အလုပ်ခွင်မဝင်ရေး၊ ကျောင်းသူ ကျောင်းသားများ ကျောင်းမတက်ရေးတို့ကို ၎င်းတို့၏ ရည်မှန်းချက် အောင်မြင်ရေးအတွက် ဆူပူဆန္ဒပြသူများအား လိုင်းချပေးခဲ့ရာ ၎င်းအချက်နှစ်ချက်က မည်သည့်အစိုးရ တက်သည်ဖြစ်စေ နိုင်ငံ့တာဝန်ထမ်းဆောင်ကြရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ မိဘများအတွက် ကြီးမားသည့် အန္တရာယ်ဖြစ်လာသည်။ PDF အမည်ခံ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ ဖြစ်လာကြသည့်အခါ နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းဆရာ ဆရာမများကို ရန်သူသဖွယ် သတ်မှတ်ပြီး ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းတို့ကို ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ ကျူးလွန်ခဲ့ကြသည်။
Jun 06, 2026
ကုန်စည်စီးဆင်းမှုလွယ်ကူချောမွေ့မှု၊ ကုန်သွယ်စီးပွားကောင်းမွန်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့အတွက် လမ်းပန်းဆက်သွယ်ရေး လုံခြုံစိတ်ချကောင်းမွန်မှုသည် အရေးကြီးသောအချက်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်လမ်းကြောင်းများ၌ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့ရှိသည့်အနက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအမျိုးမျိုးတို့သည် ပြည်တွင်း၊ ပြည်ပသွင်းကုန်၊ ထုတ်ကုန်များအတွက် အဓိကကျသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများဖြစ်သည်။
Jun 06, 2026
ကမ္ဘာတစ်ဝန်းလုံးတွင် လမ်းပေါ်မတော်တဆမှု (Road Accident) များကြောင့် နှစ်စဉ်ပျမ်းမျှ လူ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေရပြီး လူသန်းပေါင်း ၅ဝ ကျော် ထိခိုက်ဒဏ်ရာရရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးရမှုများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများက အများဆုံးဖြစ်ရာ အာဖရိကနှင့် အရှေ့တောင်အာရှဒေသတို့က ထိပ်ဆုံးတွင်ရှိသည်။
Jun 05, 2026
​​​​​​​နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ ငါးရက်ကြာ ပထမဆုံးခရီးစဉ်အတွင်း နိုင်ငံတော်အကျိုးစီးပွားကို တစိုက်မတ်မတ်ဦးတည်၍ အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ပညာသင်ကြားမှုမြှင့်တင်ရေးဆိုင်ရာကဏ္ဍ၊ နည်းပညာကဏ္ဍ၊ ခရီးသွားမြှင့်တင်ရေးကဏ္ဍ စသည့်နယ်ပယ်စုံကဏ္ဍစုံ အသီးသီးတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း၊ ပြည်သူအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများပေါ်ပေါက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။