Apr 28, 2026
တောင်ဇလပ်ပန်းတို့ပွင့်လန်းရာ၊ အောက်ချင်းငှက်တို့ပျော်စံရာ ချင်းပြည်နယ်သည် သာယာလှပသော ပြည်နယ်တစ်ခုဖြစ်သည်။ သာယာလှပသော ပြည်နယ် တစ်ခုဖြစ်သော်လည်း တောင်တန်းထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးဖြစ်နေသည်။ ထို့ကြောင့် အစိုးရအဆက်ဆက်တို့က ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးခဲ့သည်။ သို့သော် အကြမ်းဖက်သောင်းကျန်းသူများလက်ချက်ကြောင့် ပြည်နယ်၏ လှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် အကျည်းတန်အရုပ်ဆိုးဖြစ်ခဲ့သည်။
Apr 28, 2026
နိုင်ငံ့စီးပွားမြင့်မားရေးအတွက် စက်မှုလုပ်ငန်းများ၊ MSME များ ထူထောင်ရေး၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာရေးနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန်လိုသည်။ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ အဓိကအားဖြင့် ရေအားလျှပ်စစ်ကို အကောင်အထည်ဖော်လျက်ရှိပြီး အခြားပြန်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်နှင့် လေအားလျှပ်စစ်တို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
Apr 27, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထားသည့် “နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်” ဆိုသည့်အတိုင်း ရပ်တည်ဆောင်ရွက်လျက်ရှိသည်။
Apr 27, 2026
နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်မှုနှင့်လည်း ဆက်စပ်နေသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားရေးတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍမှာ မရှိမဖြစ်အရေးပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူတစ်ဦးချင်းပျမ်းမျှလျှပ်စစ်ဓာတ်အား စက်တပ်ဆင်မှုပမာဏသည် ထိုနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံသားတို့၏ လူနေမှုဘဝအဆင့်အတန်းကို ခန့်မှန်းနိုင်သည့် အညွှန်းကိန်းလည်းဖြစ်သည်။
Apr 26, 2026
နိုင်ငံတော်အစိုးရက PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ဥပဒေဘောင်အတွင်းဝင်ရောက်ခြင်း၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို ပြုလုပ်နိုင်ရန်အတွက် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး ဖိတ်ခေါ်ကမ်းလှမ်းထားသည်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ဥပဒေဘောင်အတွင်း ဝင်ရောက်လာစေရေးအတွက် အသိပေးအကြောင်းကြားလျက်ရှိရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်နေရသည်။
Apr 26, 2026
ကမ္ဘာပေါ်တွင် အဝတ်အထည်လုပ်ငန်းများအတွက် ဝါဂွမ်းသည် အဓိကကုန်ကြမ်းဖြစ်သော်လည်း နိုင်လွန်၊ ရေယွန်၊ ပိုလီယက်စတာစသော ချည်မျှင်တုများကို ပေါပေါများများ ထုတ်လုပ်သုံးစွဲလာနိုင်သည့်အခါတွင် ဝါဂွမ်းသုံးစွဲမှုလျော့ကျလာသည်။ ဝါဂွမ်းကုန်ကြမ်းသုံးစွဲမှုသည် ဒေသအလိုက်၊ အချိန်အခါအခြေအနေအလိုက် အတက်အကျရှိနေပြီး ချည်မျှင်တုများနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများရှိနေသော်လည်း ဖွံ့ဖြိုးပြီး ဝင်ငွေမြင့်မားသည့်နိုင်ငံများတွင် သဘာဝချည်မျှင်ဖြစ်သည့်ဝါကို ပိုမိုသုံးစွဲလာကြကြောင်း ဝါပညာရှင်တစ်ဦးက ဆိုသည်။
Apr 25, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ဧပြီ ၂၀ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “လာမည့်ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော်တွင် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Apr 25, 2026
အုပ်ချုပ်မှုစနစ် (Governance) ဆိုသည်ကို “ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်စဉ်နှင့် ချမှတ်ထားသော ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင်မှု ရှိ မရှိ လုပ်နည်းစဉ်” ဟူ၍လည်းကောင်း၊ “လုပ်ကိုင်ဆောင်ရွက်မှုနည်းလမ်း သို့မဟုတ် အုပ်ချုပ်မှုစွမ်းပကား” ဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို သမားရိုးကျမဟုတ်ဘဲ ကောင်းမွန်သည့် လူ့အဖွဲ့အစည်း ဖြစ်လာစေရန်အတွက်မူ သမားရိုးကျမဟုတ်သော ကောင်းမွန်သည့်အုပ်ချုပ်ရေး (Good Governance) လိုအပ်မည်ဖြစ်သည်။
Apr 24, 2026
မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံနှင့်မဆို ချစ်ခင်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆက်ဆံရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ဆက်ဆံသည့်နိုင်ငံများ၊ အပြုသဘောဆောင် အကောင်းမြင်သည့် မိတ်ကောင်းဆွေကောင်းနိုင်ငံများ၊ မြန်မာနိုင်ငံအပေါ် အကောင်းမမြင်သည့်နိုင်ငံများ စသည်ဖြင့် အမျိုးမျိုးရှိကြသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့ရှိသည်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးအပေါ်တွင် ချစ်ခင်ရင်းနှီးစွာ မိတ်ဝတ်မပျက် ဆက်ဆံဆောင်ရွက်လျက်ရှိသည်။
Apr 24, 2026
PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုရလဒ်များအရ ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းကို ရွေးချယ်ခဲ့ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ပြီး မတည်မငြိမ်ဖြစ်စေရန် CRPH နှင့် NUG အမည်ခံ အဖွဲ့ များ၏ သွေးထိုးလှုံ့ဆော်မှုဖြင့် PDF အဖွဲ့များ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
