Skip to main content
Feb 11, 2024
ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံများသည် မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေး၊ နိုင်ငံနှင့်လူမျိုး မြင့်မားတိုးတက်ရေးကို တက်ညီလက်ညီ ဝိုင်းဝန်းတည်ဆောက်နေကြသည်။ နိုင်ငံအများစုတွင် အယူအဆ၊ ယုံကြည်ချက် သဘောကွဲလွဲမှုတို့ကိုအကြောင်းပြု၍ ပဋိပက္ခအမျိုးမျိုးကြုံတွေ့ဖူးသည်။ အချို့ဆိုလျှင် ပဋိပက္ခများကြောင့် နိုင်ငံတစ်ခုလုံး ပြာဘုံဘဝရောက်ရှိခဲ့ပြီးမှ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်၍ နိုင်ငံပြန်လည်ဦးမော့လာအောင် တစ်စိတ်တစ်ဝမ်းတည်း ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည်။
Feb 11, 2024
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို အီရတ်အာဏာပိုင်များနှင့်ညှိနှိုင်း၍ နိုင်ငံတော်အစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။ အီရတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရင်း အကျပ်အတည်းများတွင် ပိတ်မိနေခဲ့ကြသူများမှာ ရခိုင်ပြည်နယ်စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် မြောက်ဦးမြို့တို့မှ ရခိုင်တိုင်းရင်းသူ အမျိုးသမီးငယ်များ ဖြစ်ကြသည်။
Feb 10, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေချိန်တွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအကျိုးစီးပွားကို အလေးထား၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်၊ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
Feb 10, 2024
ပုဂံဟုဆိုသည်နှင့် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းပေါ်ရှိ ပတ်လည်မိုင် ၂၀ ခန့် အကျယ်အဝန်းရှိသော လွင်ပြင်ပေါ်တွင် ပြန့်ကျဲတည်ရှိနေသည့် စေတီပုထိုးဂူကျောင်းများနှင့် ရှေးဟောင်းအဆောက်အအုံများကိုသာ မိမိတို့တွေးမြင်မိကြသည်ချည်းဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် ပုဂံတွင် စေတီပုထိုးများသာမက ရှေးဟောင်းရေကန်၊ ရေတွင်း၊ အင်းအိုင်၊ တူးမြောင်းများ၊ ရေလမ်းကြောင်းများနှင့် ပုဂံခေတ် ရေအသုံးချမှုစနစ်များသည်လည်း အမွေအနှစ်များအဖြစ် တည်ရှိနေကြသည်။ ပုဂံ၏ ရှေးခေတ်ရေအရင်းအမြစ်များ၊ ရေစီမံခန့်ခွဲမှုဆိုင်ရာ အထောက်အထားများနှင့် ရှေးခေတ်အမွေအနှစ်များသည်လည်း ပုဂံဒေသ၏ စေတီပုထိုးဂူကျောင်းများနည်းတူပင် အားလုံးက အလေးအနက်ထား ထိန်းသိမ်းစောင့်ရှောက်မှုပြုရန် လိုအပ်လျက်ရှိသည်။
Feb 09, 2024
မျက်မှောက်ကာလတွင် မြန်မာနိုင်ငံရှိ အချို့ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးပျက်ပြားအောင် အကြမ်းဖက်အဖွဲ့ NUG ၏ မြှောက်ပင့်လှုံ့ဆော်ပေးမှုကြောင့် PDF အကြမ်းဖက်သမားများနှင့် EAO သောင်းကျန်းသူအဖွဲ့အချို့တို့က နယ်မြေဒေသအချို့တွင် တိုက်ခိုက်ဖျက်ဆီး လုပ်ကြံဖန်တီးမှုများ အဆက်မပြတ်ပြုလုပ်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
Feb 09, 2024
​​​​​​​ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးမက အများအပြားစုပေါင်း နေထိုင်ကြသော နိုင်ငံများစွာရှိသည်။ နိုင်ငံ၏ဖွဲ့စည်းတည်ဆောက်ပုံအရ တစ်ပြည်ထောင်စနစ်ကျင့်သုံးသည့် နိုင်ငံများရှိသလို ပြည်ထောင်စုစနစ်ကျင့်သုံးကြသည့် နိုင်ငံများလည်းရှိကြသည်။ ပြည်ထောင်စုစနစ်ကျင့်သုံးကြရာတွင် ပြည်ထောင်စုအစိုးရ(ဝါ)ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အခြေခံဥပဒေဖြင့် အာဏာပိုင်းခြားခွဲဝေသတ်မှတ်ပေးထားခြင်းဖြစ်သည်။
Feb 08, 2024
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်ရှိ ပြည်ထောင်စုနိုင်ငံများတွင် မြန်မာနိုင်ငံသည် တစ်မူထူးခြားသည် ဝိသေသလက္ခဏာများ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ ရေမြေသဘာဝ မတူခြားနားမှုများနှင့်အတူ တိုင်းရင်းသား လူမျိုးတစ်ရာကျော်တို့ ကွဲပြားသော ဓလေ့စရိုက်များဖြင့် နှစ်ပေါင်းများစွာကြာမြင့်အောင် အေးချမ်းစွာ အတူပေါင်းစည်းနေထိုင်ခဲ့သော နိုင်ငံဖြစ်သည်။ ထိုသို့နှစ်ကာလကြာရှည်စွာ ကမ္ဘာအလယ်တွင် တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိ နေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို မတရားကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး ကိုလိုနီနယ်ချဲ့လက်အောက်သို့ ကျရောက်သောအခါ ကုပ်သွေးစုပ်အမြတ်ထုတ် သွေးခဲအုပ်ချုပ်ခြင်းခံခဲ့ရသည်။ တောင်တန်း-ပြည်ပ စိတ်ဝမ်းကွဲပြားခဲ့ကြသည်။ ကိုလိုနီစနစ်၏ သွေးခွဲအုပ်ချုပ်လိုမှုများကြောင့် တောင်တန်းမြေပြန်၊ ပြည်နယ်-ပြည်မ တစ်ပေါင်းတည်း အတူတကွ လွတ်လပ်ရေးရရှိအောင် အခက်အခဲများစွာဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။
Feb 08, 2024
မူးယစ်မေ့လျော့စေတတ်သည့်အရာများ ရောင်းဝယ်ဖောက်ကားမှုကို မိစ္ဆာဇီဝခေါ် မကောင်းသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လူသားတို့ကိုးကွယ်ရာ ဘာသာကြီးများက သတ်မှတ်ထား ကြသည်။ ထို့အပြင် ရှေးခေတ်မှသည် မျက်မှောက်ခေတ်အထိ အုပ်ချုပ်သူ မင်းအစိုးရအဆက်ဆက်တို့က တရားမဝင်အဖြစ် ပိတ်ပင်တားမြစ်ခဲ့ကြသော်လည်း အကျိုးအမြတ်လွန်စွာကြီးမားလှသည့် မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းများမှာ ရာစုနှစ်များ ကြာခဲ့ပြီဖြစ်သည့် ပစ္စုပ္ပန်ကာလတိုင် ပျောက်ပျက်မသွား။
Feb 07, 2024
နိုင်ငံတစ်နိုင်ငံတွင် ဆက်သွယ်ရေးနည်းပညာ မြင့်မားလျှင်မြင့်မားသလို၊ ထိရောက်စွာအသုံးချနိုင်လျှင် အသုံးချနိုင်သလို နိုင်ငံအကျိုး၊ ဖွံ့ဖြိုးတိုးတက်မှုတန်ဖိုးများ မြင့်မားတိုးတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ဆက်သွယ်ရေးနည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး နိုင်ငံတိုးတက်ရေးကဏ္ဍမျိုးစုံတွင် ထိရောက်စွာအသုံးချနေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
Feb 07, 2024
(၁) စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် (၂) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့သည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ စတင်ဖွဲ့စည်းစဉ်ကပင် ချမှတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့သည် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒဖြစ်သည်နှင့်အညီ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပိုမိုလျင်မြန်စွာ ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်သည်။