Feb 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်တွေ့ဆုံပြီး သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်ချစ်စိတ်ဖြင့် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
Feb 16, 2024

ယနေ့မြန်မာနိုင်ငံတွင် ပြည်သူအများစု သတင်းရယူကြသည့် မီဒီယာဟုဆိုလျှင် လူမှုကွန်ရက်များက အဓိကဖြစ်နေသည်။ တရားဝင်ထုတ်ဝေထုတ်လွှင့် ဖြန့်ချိနေကြသည့် နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိကပိုင်မီဒီယာများထက် အခြေအမြစ်မဲ့၊ အထောက်အထားမဲ့၊ ကျင့်ဝတ်မဲ့ ရေးသားဖော်ပြနေကြသည့် သတင်းတု၊ သတင်းမှားများက ပိုမို၍လျင်လျင်မြန်မြန်၊ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေကြသည်ကို တွေ့ရသည်။ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလိုက်သည့် သတင်းတု၊ သတင်းမှားများကို အဆင်ခြင်မဲ့ ယုံကြည်မိခြင်းကြောင့် မှားယွင်းသည့် အတွေးအခေါ်၊ အယူအဆများ ဖြစ်ပေါ် စေနိုင်ပြီး ဆုံးဖြတ်ချက်များ၊ အပြုအမူများ လွဲမှားနိုင်သည်ကို သတိရှိကြရန်လိုသည်။
Feb 15, 2024
မြန်မာနိုင်ငံတွင် အများပြည်သူတို့၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီစနစ်ကို ခိုင်မာအောင်တည်ဆောက်၍ ရေရှည်လျှောက်လှမ်းနိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးအတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသဖြင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။
Feb 15, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်း အသိအမြင်၊ နားလည်မှုလွဲမှားစေရန်၊ ထင်ယောင်ထင်မှားဖြစ်စေရန် ပြည်ဖျက်မီဒီယာတို့က သွေးထိုးလှုံ့ဆော်မှု၊ သတင်းတု သတင်းမှား ထုတ်လွှင့်မှုတို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းပြောကြားမှုများ စဉ်ဆက်မပြတ်ပြုလုပ်၍ အများပြည်သူမှန်ကန်စွာသိနားလည်လာစေရန် ဆောင်ရွက်နေရသည်။ မမှန်မကန်ဝေဖန်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် အချို့သောပြည်သူလူထုကြားထဲတွင် စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်လျက်ရှိသော်လည်း အခြေအနေ၊ အချိန်အခါနှင့် ကိုက်ညီစွာ စတင်အာဏာသက်ဝင်လာသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား အနယ်နယ်အရပ်ရပ်မှ ပြည်သူများက တစ်ခဲနက်ဆန္ဒထုတ်ဖော်ကြိုဆိုထောက်ခံနေကြသည့် မြင်ကွင်းများကို တွေ့ရသည်။
Feb 14, 2024

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် နှစ်ပေါင်းထောင်ချီ စုစည်း နေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့ကြပြီး အန္တရာယ်ရန်စွယ်အပေါင်းတို့ကို လက်တွဲတွန်းလှန်ခဲ့ကြသည်။ သို့သော် ကိုလိုနီလက်အောက်သို့ ကျရောက်သည့်အခါ သွေးခွဲအုပ်ချုပ်မှုပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ကြသည်။
Feb 14, 2024

တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတွင် အစွန်းရောက်အမျိုးသားရေး စိတ်ဓာတ်နှင့်ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒတို့ကို လူမျိုးစုများအတွင်း မြှင့်တင်မှုပြုလုပ်ခြင်း၊ လူမျိုးရေးမုန်းတီးမှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်လာအောင် ဖန်တီးခြင်းတို့က နိုင်ငံနှင့်ပြည်သူများအားလုံးအတွက် လွန်စွာအန္တရာယ်ကြီးသည်။ ကမ္ဘာ့နိုင်ငံများစွာတို့တွင် လူမျိုးစုများအတူတကွ ယှဉ်တွဲနေထိုင် ပူးပေါင်းလုပ်ကိုင်ရေး သို့မဟုတ် လူမျိုးစုစည်းလုံးညီညွတ်ရေးသည် ခက်ခဲသလောက် လူမျိုးရေးဆိုင်ရာ စိတ်ဓာတ်ကို မီးထိုးပေးပြီး သီးခြားဝိသေသလက္ခဏာများ ပြသခွဲခြားခြင်းက လွယ်ကူသည်ဖြစ်ရာ ရန်လိုစိတ်ရှိသည့် လူမျိုးစုခေါင်းဆောင်တို့က ယင်းနည်းလမ်းကို အသုံးချပြီး အာဏာကိုရယူလေ့ရှိကြသည်။
Feb 13, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်း ခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် အဆိုပါဥပဒေသည် စတင်၍အာဏာတည် အသက်ဝင်လာပြီဖြစ်ပါသည်။
Feb 13, 2024
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော အရေး (၃) ပါးသည် ပြည်ထောင်စုမြန်မာနိုင်ငံကြီး ထာဝရတည်ရှိမြဲမြံစေရန် လိုအပ်သော အမျိုးသားအကျိုးစီးပွားပင်ဖြစ်သည်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် မိမိတို့နိုင်ငံနှင့်သက်ဆိုင်သည့် အမျိုးသားအကျိုးစီးပွားတို့ ကိုယ်စီရှိကြပြီး အမျိုးသားအကျိုးစီးပွားထက် အရေးကြီးသည့် အရေးအရာသည် မရှိ။ အမျိုးသားအကျိုးစီးပွားထက် အရေးပါသည့်လုပ်ငန်းစဉ်သည်လည်း မရှိ။ အမျိုးသားအကျိုးစီးပွားနှင့် သက်ဆိုင်လာလျှင် နိုင်ငံသားတိုင်း ရှောင်လွှဲ၍မရ။ အသက်၊ သွေး၊ ချွေးတို့ ပေးဆပ်ကာ အမျိုးသားရေးတာဝန်အဖြစ် ကျေပွန်စွာ ပါဝင်ထမ်းဆောင်ကြရသည်သာ။
Feb 12, 2024
ယနေ့သည် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာရေးတွင် အဓိကလိုအပ်ချက်ဖြစ်သော တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံးညီညွတ်ကြောင်း သက်သေထူပြနိုင်သည့် နေ့ဖြစ်သည်။ တစ်နည်းဆိုလျှင် လွတ်လပ်ရေးအတွက် ပြည်ထောင်စုသန္ဓေကို အခိုင်အမာမျိုးစေ့ချသည့်နေ့ဖြစ်သည်။
Feb 12, 2024

ယနေ့သည် တောင်ပေါ်မြေပြန့်မကျန် နိုင်ငံတစ်ဝန်းလုံး လွတ်လပ်ရေးရယူနိုင်ရေးအတွက် တစ်စည်းတစ်လုံးတည်းသော ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေထူကာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့တွင် သမိုင်းဝင်ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည့် (၇၇) နှစ်ပြည့်မြောက်သော နေ့ထူးနေ့မြတ်ဖြစ်သည်။ ထို့အပြင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့သည့် ၇၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော မိမိတို့နိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေမှာ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထုအားလုံး တစ်ခဲနက်စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေချိန်လည်းဖြစ်သည်။