Skip to main content
Feb 21, 2024
ပြည်ထောင်စုဖွားအားလုံးတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး မိသားစုပမာ စည်းလုံးညီညွတ်စွာဖြင့် နှစ်ပေါင်းထောင်ချီ အတူယှဉ်တွဲနေထိုင်လာခဲ့ကြရာ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် သိက္ခာရှိရှိ ခံ့ညားထည်ဝါစွာ ရပ်တည်နေထိုင်လျက်ရှိပါသည်။ အကြောင်းကြောင်းကြောင့် ဆုံးရှုံးခဲ့ရသောလွတ်လပ်ရေးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရယူနိုင်ခဲ့ပါသည်။
Feb 21, 2024
နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများအရ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတို့မှာ အရေးကြီးဆုံးသောလုပ်ငန်းတာဝန်များဖြစ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ မြို့၊ ရွာများမှာ လုံခြုံမှုကင်းမဲ့ကာ တည်ငြိမ်အေးချမ်းမှုပျက်ယွင်းလျက်ရှိသည့်အတွက် ဒေသခံပြည်သူတို့မှာ အထိတ်တလန့်၊ ကျီးလန့်စာစားနေထိုင်ကြရသည်။ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မြို့၊ ရွာများ၊ နိုင်ငံပိုင်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့ကို မထောက်ခံသည့်ဒေသခံ ပြည်သူများကို ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြသည်။
Feb 20, 2024
​​​​​​​မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိသည်။ လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ပေါင်းသင်းဆက်ဆံရေးကို ရှေးအစဉ်အလာမပျက် ဆောင်ရွက်လျက်ရှိသည်။
Feb 20, 2024
​​​​​​​နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် အဟန့်အတားကိုဖြစ်စေပြီး နိုင်ငံလုံခြုံရေးအတွက်လည်း အန္တရာယ်ရှိနိုင်သည့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများမှာ ဖမ်းဆီးရမိမှုတန်ဖိုး ပမာဏများ တစ်နှစ်ထက်တစ်နှစ် ပိုမိုလာသည့်တိုင်အောင် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ဟုသိရသည်။ အဖမ်းအဆီး မည်မျှများပြားစေကာမူ ဆက်လက်လုပ်ကိုင်နေကြခြင်း၏ သဘောမှာ လုပ်ကိုင်ခွင့်သာနေခြင်း၊ လုပ်ကိုင်၍ရသည့် နည်းလမ်းများရှိနေခြင်းနှင့် အကျိုးအမြတ်များ မစွန့်လွှတ်ချင်လောက်အောင် ရရှိခြင်းတို့ကြောင့်ဟု ဆိုနိုင်သည်။
Feb 19, 2024
သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို ခိုးဝှက်၊ မတရားသဖြင့်လုယူခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာ ပြုကျင့်ခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းစသည်တို့သည် တရားဥပဒေကို ချိုးဖောက်သော ဒုစရိုက်အမှုများဖြစ်သည်။ ဒုစရိုက်မှုများသည်နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကို ဆုတ်ယုတ်ပျက်ပြားစေသည်။
Feb 19, 2024
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှာ ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်နေပြီး နှစ်နိုင်ငံဆက်ဆံရေးမှာလည်း နှစ်ပေါင်းထောင်ချီနေသည့် သက်တမ်းရှိသည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ရာတွင် မြန်မာနိုင်ငံသည် ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သကဲ့သို့ အဆိုပါအချိန်ကတည်းကပင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်တစိုက်ထောက်ခံခဲ့သည့်နိုင်ငံလည်း ဖြစ်သည်။
Feb 18, 2024
နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”နှင့်“ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး”ကို ချမှတ်ထားသည်။
Feb 18, 2024
စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့ကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်းသည် နိုင်ငံ့လူဦးရေအများစုဖြစ်သော ကျေးလက်နေပြည်သူများ၏ဘဝများ တိုးတက်လာစေရန်ဖြစ်သကဲ့သို့ နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းကို မြင့်မားလာစေရန်လည်း ဖြစ်သည်။ အကျိုးဆက်အားဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန်အတွက် ဖြစ်သည်။
Feb 17, 2024
လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူတို့၏တန်ဖိုးထားမှုစနစ်နှင့် စံများ (Value System and Norms) က လူတို့၏အပြုအမူများအပေါ်တွင် လွှမ်းမိုးမှုရှိသည်ဟု ပညာရှင်များကဆိုသည်။ လူ့အဖွဲ့ အစည်းအသီးသီးတို့တွင် လွှမ်းမိုးနေသော (အများကလက်ခံထားသော) လူတို့၏ အပြုအမူဆိုင်ရာစံ၊ ကိုယ်ကျင့်တရားစံနှင့် အရည်အသွေးစံများကိုလိုက်၍ လူတို့၏အပြုအမူများ ဖြစ်ပေါ်တတ်သည်ကို ဆိုခြင်းလည်းဖြစ်သည်။
Feb 17, 2024
မြန်မာနိုင်ငံတွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို သက်တမ်းနှစ်ကြိမ် ဖြတ်သန်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို တည့်မတ်မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။