သတင်းများ

ကော့ကရိတ်မြို့ချောင်းဖျားကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း​ဆောင်ရွက်
Jan 07,2021
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကျုံဒိုး ချောင်းဖျား .ကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခြင်းလုပ်ငန်းကို ယမန်နေ့က စတင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချယ်ရီပွင့်ဝေ လွိုင်လင်မြေ
Jan 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၄၄၇ တွင်တည်ရှိပြီး တောင်ပေါ်မြို့တစ်မြို့ဖြစ်ကာ ဇန်နဝါရီလ ပထမအပတ်တွင် ချယ်ရီပန်းများ အများအပြားဝေဆာပွင့်ဖူးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း ဈေးမီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Jan 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်၊ ဇောတိကရပ်ကွက်ရှိ မြို့နယ် စည်ပင် သာယာဈေးအတွင်း ဈေးမီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ လူသွားလူလာများသည့် နေရာများတွင် ဈေးကားများဖြင့် သား၊ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Jan 07,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ စဉ်ကာလအတွင်း ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစေရန်၊ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်း လတ်ဆတ်သော သား၊ငါး၊ဟင်းသီးဟင်းရွက်များ၊စားသောက်ကုန်များကို
အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း တိုင်း‌ရင်းဆေးဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆားနှင့်ဆေးများ ကာလဒါနပြုလှူဒါန်း
Jan 07,2021
ကိုဗစ်-၁၉ ကာလအတွင်း တိုင်း‌ရင်းဆေးဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆားနှင့်ဆေးများ ကာလဒါနပြုလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ၂နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ ၁၉လမ်းနှင့်လမ်း၂၀ကြား၊ ၈၂လမ်းနှင့် ၈၃လမ်းကြားရှိ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနမှူးရုံးတွင် ပြုလုပ်သည်။
မအူပင်မြို့နယ် အခြေခံပညာဦးစီးဌာန၏ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်သည့် စာသင်ကျောင်းအဆောက်အဦသစ်များ ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Jan 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အခြေခံပညာဦးစီးဌာန၏ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်သည့် မလက်တိုကျေးရွာအုပ်စုရှိ လှိုင်းတာကျေးရွာနှင့် သရက်ငူကျေးရွာတို့တွင် အခြေခံပညာ မူလတန်းကျောင်းဆောင်သစ် အဆောက်အဦ ရာနှုန်းပြည့်ပြီးစီးမှုနှင့် လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။
ဒေသခံတောင်သူများ စိုက်ပျိုးရေအဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေလက် တံမြောင်းများ ပြုပြင်ဆောင်ရွက်နေမှုအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 07,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူ များ (နွေ ၊ မိုး ၊ ဆောင်း) ရာသီမပျက် သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေ အဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ရေလက်တံမြောင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်း က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးနှင့် တာဝန်ရှိသူများ အဖွဲ့ က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူ​မြို့တွင် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဆောင်ရွက်
Jan 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ " ခွေးရူးရောဂါ ကင်းစင် ကမ္ဘာတစ်ခွင် ၂၀၃၀ တွင် " အစီအစဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်း ရှိဒေသခံ ပြည်သူများမွေးမြူထားသည့် အိမ်မွေးခွေးများကို အခမဲ့လိုက်လံ ထိုးနှံပေးလျက်ရှိပါသည်။