သတင်းများ

ကမာရွတ်မြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ အလှူငွေနှင့် ရေသန့်ဘူးများ လာရောက်လှူဒါန်း
Jan 06,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လိုအပ်သည့် နေရာများ တွင် အသုံးပြုနိုင်ရန်အတွက် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အလှူငွေ(၁၅၀၀၀၀)နှင့် မြို့နယ် အတွင်းရှိ Quarantine Center များတွင် ထားရှိသည့် Primary Contact များအတွက် အိပ်ယာခင်း (၁၀)စုံ လာရောက်လှူဒါန်းခဲ့သည်။ အလားတူ ဦးနိုင် (အလှကုန်လက်ကားနှင့် လူသုံးကုန် အရောင်းဆိုင်) မှ လည်းအလှူငွေ(၁၀၀၀၀၀)တိတိနှင့် Mask နှင့် Hand Sanitizer များ၊ နောက်ထပ် အလှူရှင် မိသားစုမှ လည်း Primary Contact များအတွက် သောက်ရေသန့်ဘူး(၂၀၀၀)ကတ်တို့ကို အမှတ် (၂) အခြေခံပညာမူလန်း ကျောင်းသို့ ယနေ့ နေ့လယ်ပိုင်းက လာရောက်လှူဒါန်းခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဦး အရက်အလွန်အကျွံသောက်ရာမှ သေဆုံးမှုဖြစ်ပွား
Jan 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက် နတ်စဉ် (၃)လမ်းတွင် ယမန်နေ့ ည ၁၀နာရီ ၃၀ မိနစ်ခန့်က အမျိုးသမီးတစ်ဦး သေဆုံးကြောင်း သတင်းရရှိသဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော် ဦးဆောင်သောအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဇီးကုန်းမြို့နယ်တွင် မွေးကင်းစမှ တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းဆောင်ရွက်
Jan 06,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံ၌ မွေးကင်းစမှတစ်နှစ် အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်သန္တာထွေးနှင့် ကျန်းမာရေး ဝန်ထမ်းများ ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။
ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေး စီမံချက်(Mask Campaign) အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်
Jan 06,2021
ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက် (Mask Campaign) ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယနေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ
Jan 06,2021
လပွတ္တာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် ကျေးလက်နေပြည်သူလူထု၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်နှင့် အသက်မွေး၀မ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်လျက် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနားကို လပွတ္တလုတ်မြောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်တွင် နေအိမ်အသစ်ဆောက်ရန်မြေတူးစဉ် ရှေးဟောင်းစဉ့်အိုးနှင့်ထည့်ထားသောငွေဒင်္ဂါးပြား (၁၇၂)ပြားအား တူးဖေါ်တွေ့ရှိ
Jan 06,2021
  တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် သုခလမ်း၊ အိမ်အမှတ်(၇)နေ၊ ဦးသီဟအေး၏ နေအိမ်အဟောင်းကိုဖျက်၍ အသစ်ဆောက် လုပ်ရန် ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှစ၍ ဖောင်ဒေးရှင်းအတွက် မြေတူးစဉ် အိမ်အဟောင်း၏ အိမ်ဦးတိုင်အရင်းတွင် ရှေးဟောင်းငွေဒင်္ဂါးပြားများအား တူးဖော်တွေ့ရှိကြောင်း သိရှိရသည်။
မီးဘေးကာကွယ်တားဆီးရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တာဝန်ရှိသူများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jan 06,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးနယ်မြေအတွင်း မီးဘေးအန္တရာယ် တားဆီး ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးကာကွယ်တားဆီးရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တာဝန်ရှိ သူများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့ နံနက်(၁၀)နာရီက ဖောင်ကြီးအနောက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း စတင်ဖွင့်လှစ်
Jan 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဂုံညှင်းတန်းကျေးရွာအုပ်စု ကျွန်းတောကုန်းဘုန်းကြီး ကျောင်း၌ ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။