ချောင်းဆုံမြို့နယ်တွင် ခွေးရူးရောဂါ ကာကွယ်ဆေးကို ကျေးရွာအရောက် အခမဲ့ လိုက်လံထိုးနှံ
Jan 06,2021
"ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ ခွေးရူးရောဂါ ကင်းစင်ရေး၊ ရောဂါကာကွယ်စောင့်ရှောက်ရေး စီမံချက်ကို အကောင်အထည်ဖော်သည့် အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဝန်ကြီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာဒေါ်နွဲ့နွဲ့ရီနှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်က ကညှော်ကျေးရွာသို့ ကွင်းဆင်းပြီး ခွေးရူးရောဂါ ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။