သတင်းများ

မောက်မယ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး
Jan 06,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေ ကျပ် (၃၇၃.၈)သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ မောက်မယ်မြို့နယ်မှ ကဒူးကြီးကျေးရွာအုပ်စု သို့ ဆက်သွယ်ထားသည့် မောက်မယ်−နမ့်လွတ်−ကဒူးလေး−ဒုံပုံး−နားဟီး ကျေးရွာချင်းဆက် ကျောက် ချောလမ်း (၃၄/၀ )မိုင်အနက် အချို့နေရာများမှာ သဘာဝဘေး ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ခဲ့သောလမ်းပိုင်း(၅/၀)မိုင်အား ကျောက်ချောလမ်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မင်းဘူးမြို့နယ် မီးသတ်ဦးစီးဌာန အရေးပေါ် ကူညီကယ်ဆယ်ရေးဖွဲ့မှ ရေပြင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သရုပ်ပြလေ့ကျင့်
Jan 06,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာန အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့မှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ဧရာတီမြစ်အတွင်း ရေပြင်ကူညီ ကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကလေးမြို့နယ်အတွင်းရှိ သီလရှင်များအား စားနပ်ရိက္ခာများ ဖြန့်ဝေလှူဒါန်း
Jan 06,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ကလေးမြို့နယ်အတွင်းရှိ သီလရှင်များ အား စားနပ်ရိက္ခာများ ဖြန့်ဝေလှူဒါန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၀) ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိ
Jan 06,2021
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နေ့လည် ၁၂ နာရီ အချိန်က မြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးမှ အတည်ပြုပိုးတွေ့လူနာ (၅) ဦးနှင့် တိုင်းရင်းဆေးရုံမှ အတည်ပြု ပိုး‌တွေ့လူနာ (၁၅) ဦး စုစုပေါင်း (၂၀) ဦးတို့သည် ဆေးကုသမှုခံယူပြီး (၁၁) ရက်ပြည့် မြောက်သဖြင့် ကျန်းမာရေကောင်းမွန်စွာ ဆေးရုံ ဆင်းခွင့်ရရှိပါသည်။
နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ထင်းစိုက်ခင်း (၂၀)ဧကအားအကျိုးပြုကျေးရွာဖြစ်သော ယာပြင် ကျေးရွာသို့ လွှဲပြောင်းပေးအပ်
Jan 06,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၂၀) မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာထင်းစိုက်ခင်း (၂၀)ဧကအား အကျိုးပြုကျေးရွာဖြစ်သော ယာပြင်ကျေးရွာသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က စိုက်ခင်းစခန်းရှင်းလင်း ဆောင်တွင် ကျင်းပခဲ့သည်။
ကလေးဝမြို့တွင် စေတနာရှင်များ စုပေါင်း၍ အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၀ အား စားသောက်ကုန်ပစ္စည်းများ လှူဒါန်း
Jan 06,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ကာလ စေတနာရှင်များ စုပေါင်း၍ (၉၄၆,၅၀၀ /-) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန် ၄ မျိုးကို မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်ရှိ အခြေခံ လူတန်းစား အိမ်ထောင်စု (၁၀၀) အား ယနေ့ နံနက် ၁၀ နာရီက လက်ဝယ်အရောက် လှူဒါန်း ပေးအပ်ခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့သစ်မြို့နယ်တွင် Mask တပ်ဆင် ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Jan 06,2021
ကိုဗစ်–၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ မ​ကွေးခရိုင်၊ မြို့သစ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့မှ ပြည်သူများ နေအိမ်အပြင်သို့ သွားလာ ရာတွင် Mask စနစ်တကျ တပ်ဆင်ခြင်း ရှိ/မရှိကို ယနေ့နံနက် ၉ နာရီအချိန်က စည်ပင်သာယာဈေး၊ ယာယီဈေးနှင့် အခွန်လွတ်စျေးတို့၌ ကွင်းဆင်း စစ်ဆေးခဲ့သည်။