သတင်းများ

ခန္တီးမြို့တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးပြုလုပ်
Dec 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ခန္တီးမြို့ခရိုင် စီမံခန့်ခွဲမှုကော်မတီအစည်းဝေခန်းမ၌ ဒီဇင်ဘာလ ၂၉ ရက် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌဦးလှမျိုးက အဖွင့်အမှာ စကားပြောကြားပြီး အတွင်း​ရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်မူမူထွန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၌ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ(၇/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ (၇/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်း မြို့နယ်တွင်မီးဘေးအန္တရာယ် ဖြစ်ပွားသည့်အခါ အဆင်သင့်အသုံးပြုနိုင်ရေး မီးသတ်ရေတွင်းများ လိုက်လံစစ်ဆေး
Dec 29,2020
မော်လမြိုင်ကျွန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းခြောက်သွေ့သောကာလသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မီးငြိမ်းသတ်‌ရေး သီးသန့်စီစဉ်ထားသော အဝီစိ ရေတွင်းများ ကောင်းမွန်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်း လုပ်ငန်းကို ယနေ့နေ့လည် ၂ နာရီအချိန်က ဆောင်ရွက်သည်။
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုင်ကယ်ပြုပြင်ရေးသင်တန်း ဒုတိယ အကြိမ် ဖွင့်လှစ်သင်ကြားပေး
Dec 29,2020
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဟားခါး မြို့နယ်၊ ဗန်ဟားကျေးရွာတွင် ယမန်နေ့မှစတင်၍ ဆိုင်ကယ်ပြုပြင်ရေးသင်တန်း ဒုတိယ အကြိမ် ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်းသိရှိရသည်။
ညောင်လေးပင်မြို့၌ ဒီဇင်ဘာလတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၈) ဦးတွေ့ရှိ
Dec 29,2020
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ ဒီဇင်ဘာလတွင် ၂၈ ရက်နေ့အထိ (၂,၀၇၁)ဦးအား စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ(၃၈)ဦး တွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာတွင် E.M ဘိုကာရှီ မြေဆွေးပြုလုပ်နည်း လက်တွေ့ သရုပ်ပြ ဆောင်ရွက်
Dec 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာနေ တောင်သူများ သဘာဝမြေဩဇာ ပြုလုပ် အသုံးပြုနိုင်ရန်အတွက် ရာဇဂြိုဟ် နည်းပညာပြန့်ပွားရေး စင်တာမှ တာဝန်ရှိသူများသည် တောင်သူ ဦးသန်းဇော် ကွင်းအမှတ် ၆၄-ကပြင် ဦးပိုင်အမှတ်-၁ ခြံဝင်းအတွင်း၌ E.M ဘိုကာရှီ မြေဆွေးပြုလုပ်နည်းများကို ယမန်နေ့နံနက်ပိုင်းက လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်(ပန်းဆိုးတန်း-ဒလ)သင်္ဘောဆိပ်ကမ်း၌ ခရီးသည်သွားလာမှုများလာခြင်းကြောင့် ခရီးစဉ်  ၃၄ ခေါက်နှုန်းဖြင့် ခေါက်ရေတိုးပြေးဆွဲ
Dec 29,2020
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် နေအိမ်တွင် နေထိုင်ရေးကြေညာထားသည့် အချိန်ကာလအတွင်း သင်္ဘောခရီးစဉ်များ ကို အသွား ၁၆ ခေါက်၊ အပြန် ၁၆ ခေါက်နှုန်းဖြင့် ပြေးဆွဲခဲ့ရပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ  လုပ်ငန်းခွင်အသီးသီးသို့