သတင်းများ

တွံတေးမြို့၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းပြုလုပ်
Dec 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့တွင် တွံတေးမြို့နယ် တရားရုံး၌ စတင် အကောင်အထည်ဖော် ကျင့်သုံးဆောင်ရွက်မည့် နိုင်ငံ တစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တော်ဝင်စန္ဒကူး ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။
လေးမျက်နှာမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ခြေနင်းလက်ဆေး ဘေစင်များပေးအပ်
Dec 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ခြေနင်းလက်ဆေး ဘေစင်(၂)လုံးတွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.က ကျောင်းများသို့ သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။
တန့်ယန်းမြို့နယ်တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ်ဓာတ်ခွဲ နမူနာရယူခဲ့သူအားလုံး ရောဂါပိုးမရှိ
Dec 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က ပူးပေါင်း ဆောင်ရွက်လျက်ရှိကြရာ အသွားအလာ ကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre)တွင် ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့မှ ဓါတ်ခွဲနမူနာ ရယူခဲ့သည်။
ဝါးခယ်မ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ (၁၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ပူဇော်ပွဲပြုလုပ်
Dec 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် နှစ်စဉ်အစဉ်အလာမပြတ် ကျင်းပပြုလုပ်သော မြို့နယ် လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ပူဇော်ပွဲကို (၁၅)ကြိမ်မြောက်အဖြစ် ယနေ့ နံနက် ၉ နာရီကစတင်ကာ ယာယီအပူဇော်ခံမည့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ပင့်ဆောင် ပူဇော်လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Dec 29,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော်လျက်ရှိသည်။
မင်းလှမြို့နယ်စည်ပင်သာယာရေးကော်မတီ ပြန်လည်ရွေးချယ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 29,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် မြို့နယ်စည်ပင် သာယာရေးကော်မတီ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ချောင်းသာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် မြို့အတွင်းဝင်/ထွက် စာရင်းများအား သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ စစ်ဆေးဆောင်ရွက်
Dec 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေစေရေး အတွက် ထုတ်ပြန်ထားသည့် စည်ကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ၊မရှိ ယနေ့ နံနက်ပိုင်းအချိန်က စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၌ အာဆီယံ အပေါင်း (၃) အရေးပေါ်ဆန်ရိက္ခာ (APTERR)အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာ(၄၈)တန်အား ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်
Dec 29,2020
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကပ်ရောဂါ ရင်ဆိုင်ခံစားနေရသော ပြည်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အာဆီယံအပေါင်း(၃) အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်အရ ကိုရီးယားသမ္မတ နိုင်ငံမှလှူဒါန်းသော ဆန်ရိက္ခာ (၄၈)တန်အား ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှတစ်ဆင့် ပြည်နယ်အစိုးရ အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခွဲတွင် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။