ဝေါလေမြိုင်မြို့၌ နှာခေါင်းစည်း မတပ်ဆင်သူများအား အခုဝယ်အခုတပ်စနစ်ဖြင့် ဆောင်ရွက်
Dec 29,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေကြသူများ၊ ဈေးရောင်း/ဈေးဝယ် သူများ အနေဖြင့် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခုဝယ်အခုတပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။