ရှမ်းရွာသစ်မြို့မဲသမူး-မဲသမူးခီးကျေးရွာကိုဆက်သွယ်ထားသော ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်
Dec 29,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ နှင့် မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော ကျေးရွာချင်း ဆက်မြေသားလမ်းဖောက်လုပ်ခြင်းကို ဒီဇင်ဘာလဒုတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။