သရက်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိ ပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်(၇)နာရီက ဗိုလ်ချုပ်အားကစားကွင်း အတွင်း ဖွင့်လှစ်ထားသော ယာယီဈေးတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် လက်ပံကုန်းကျေးရွာတွင် လက်ပံဇာနည်ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ကရင်ပြည်နယ်၊ ​လှိုင်းဘွဲမြို့နယ်၊ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင် အထည်​ဖော်​ ဆောင်ရွက်​နေ​သော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း) တွင် သာယာကုန်း ကျေးရွာအုပ်စု ​လက်ပံကုန်းကျေးရွာ လက်ပံဇာနည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၈ နာရီအချိန်က အဆိုပါကွန်ကရစ်လမ်း​ပေါ်တွင် ကျင်းပပြုလုပ်​ကြောင်း သိရ သည်။

ဆင်ပေါင်ဝဲမြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန(ရုံးချုပ်)မှ ပေးပို့သော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီက မြို့မဈေးရှိ ဈေးရောင်း၊ ဈေးဝယ်များ၊ မော်တော်ဆိပ်နှင့် လမ်းသွား လမ်းလာ ဒေသခံ ပြည်သူများအား ဖြန့်ဝေခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကလေးငယ်များ ကျန်းမာ သန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်က မိခင် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တာလေ၌ ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများသည် ကျန်းမာ ရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင်လည်း တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖြတ်သန်း သွားလာနေသော ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ခရီးသည်များအား ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးညွှန်ကြားချက်များအတိုင်း ခရီးသွားထောက်ခံချက်၊ ရောဂါ ကင်းရှင်းကြောင်း ဆေးထောက်ခံချက်များ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်တမ်းရေးသွင်းခြင်း များအပြင် ကိုယ်အပူချိန်တိုင်းခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် အလေးထား လိုက်နာရန် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် မြို့မဈေးတို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်ထုတ်ဝေသော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာ၌ အခြေခံပညာကျောင်းနှင့် ကျောင်းဝင်းမြေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာတွင် ယမန်နေ့က ကျွန်းပင် ရိပ်သာ ဆရာတော်ပိုင် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသည့် အခြေခံပညာကျောင်း အဆောက်အဦးနှင့် ကျောင်းဝင်မြေ လှူဒါန်းပွဲကို အဆိုပါ ကျောင်းဆောင် တွင် ကျင်းပပြုလုပ်သည်။

ညောင်ရွှေမြို့နယ်၌ ညောင်ဖြူကျေးရွာအဝင် ကတ္တရာလမ်းနှင့် ရေလှောင်ကန်ဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစာခွန့်ကျေးရွာအုပ်စု၊ ညောင်ဖြူကျေးရွာ ရွာအဝင်ကတ္တရာ လမ်းနှင့် ရေလှောင်ကန်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ ကတ္တရာလမ်းထိပ် မုခ်ဦး၌ ကျင်းပ ပြုလုပ်ခဲ့ သည်။

နမ္မတူမြို့နယ်၌ မီးဘေးသင့်နေအိမ် (၁)လုံးအား ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူ မြို့နယ်၊ ပန်ဟိုက်ရပ်ကွက်(၈)တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့က မီးဖိုမီးကြွင်း/မီးကျန်မှ မီးလောင်ကျွမ်းပျက်စီးခဲ့သော နေအိမ်(၁)လုံးအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၈)၌ ဆောင်ရွက်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်(၉)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to