၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းနိုင်ရေးအတွက် အမျိုးသားလျှပ်စစ် ဓါတ်အားရရှိရေး စီမံကိန်း( NEP- National Electrification Plan )အရ မဟာဓါတ်အားလိုင်း (၁၀)မိုင်နှင့် အထက်ကွာဝေးသော ကျေးရွာများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မဟာဓါတ်အားလိုင်း မရောက်မီ မီးလင်းနိုင်ရေး အတွက် မဟာဓါတ်အားလိုင်း(ပြင်ပ) တစ်အိမ်သုံးဆိုလာစနစ်( Solar Home System) ဖြင့် မီးလင်းရေးလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဘုံချောင်းကျေးရွာတွင် ( မီးလင်းရေးလုပ်ငန်း) တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ ကျေးလက်နေပြည်သူများ မီးရရှိသုံးစွဲနိုင်ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။