ပေါက်မြို့နယ်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေ​ရေးနှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ရာခိုင် နှုန်းပြည့် ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးနှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် ရေမြောင်းတူးဖော်ခြင်း၊ ကွန် ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပေါက်မြို့ ရွှေပေါက်ပင်ရပ်ကွက်အတွင်းရှိ လမ်းသွယ် (၃)လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

နမ္မတူတွင် ဓာတ်သတ္တုရှာဖွေရေး ဝန်ထမ်းတစ်ဦး၌ ကိုဗစ်-၁၉ပိုးတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့က ဓာတ်သတ္တုရှာဖွေရေး ဝန်ထမ်း တစ်ဦး၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရကြောင်း နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီက လားရှိုးမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သတ္တမအကြိမ် စားသောက်ကုန်များလှူဒါန်းထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီက လားရှိုးမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ယနေ့ နံနက် ၈ နာရီခွဲ အချိန်ကစတင်၍ ကျောင်းတိုက်များသို့ အရောက် သတ္တမအကြိမ် စားသောက်ကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အာမခံလုပ်ငန်းများမှ ငွေကျပ် သန်း(၈၃၀)ကျော် ရရှိခဲ့

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ဆောင်မှုပေး လုပ်ဆောင် လျက်ရှိသော အသက်အာမခံ၊ မီးအာမခံ၊ သူတပါးထိခိုက်မှုအာမခံ၊ ရေကြောင်း အာမခံနှင့် ခရီးသွား အာမခံတို့မှ ဝင်ငွေအဖြစ် ငွေကျပ်(၈၃၉.၉၁၇)သန်းအထိ ကောက်ခံရရှိခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီး)ရုံးမှ သိရသည်။

ငါးသိုင်းချောင်းမြို့၌ (၂၀၂၀-၂၀၂၁) ဘဏ္ဏာနှစ်အတွင်း လမ်းပိုင်း(၉)ခုတွင် ကွန်ကရစ်လမ်းခင်း ဆောင်ရွက်သွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းပိုင်း (၉)ခုတွင် (၂၀၂၀-၂၀၂၁)ဘဏ္ဏာနှစ်အတွင်း စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် လမ်းပိုင်း(၅)လမ်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်(၂)လမ်း၊ လွှတ်တော်ကိုယ်စားလှယ် ခွဲ‌ဝေရန်ပုံငွေဖြင့် (၂)လမ်း စုစုပေါင်း လမ်းပိုင်း(၉)နေရာတွင် ကွန်ကရစ်လမ်းများ ခင်းကျင်းဆောင်ရွက်သွားမည်ဖြစ်ရာ ယခုလအတွင်း ခေမာလမ်းနှင့် မင်္ဂလာလမ်းခင်းကျင်းပြီးစီးခဲ့ပြီး ဒီဇင်ဘာလ(၂၈)ရက်နေ့ မှစတင်၍ မြို့မရပ်ကွက်၊ သုခလမ်းအရှည် (၃၃၅ပေ)ပေ၊ လမ်းအကျယ်(၁၅ပေ)ပေ၊ ထု(၈လက်မ)ကို ဆက်လက်ခင်းကျင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မိုးမိတ်မြို့၌ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းနေမှုအား အရည်အသွေး ပြည့်မှီစေရေး ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အသုံးပြုပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းနေမှုအား အရည်အသွေး ပြည့်မှီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားများနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

လဟယ်မြို့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ (၆၄ဒသမ၀၅၄)ကျပ်သန်းဖြင့် လဟယ်-ဟွေထိုက်-ပုံညိုနောက်အင်းကြား (၂၀/၀)မိုင် အနက်(၂၄)ပေအကျယ်‌ မြေသားလမ်း (၁/၀)မိုင် ဖောက်လုပ်နေမှုနှင့် ၎င်းလမ်းပေါ်တွင် (၅×၅×၂၆)ပေ Box Culvert (၂)စင်းတည်ဆောက်နေမှုကို ယမန်နေ့က ဌာနမှတာ၀န်ရှိသူများ သွားရောက်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် စိုက်ပျိုးရေး ဦးစီးစီးဌာနမှ တောင်သူမှတောင်သူသို့ နည်းပညာဖြန့်ဝေခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်(၃)ရပ်နှင့်အညီ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ရွာကြီးကျေးရွာအုပ်စု၊ ပျားစခန်းကျေးရွာရှိတောင်သူ ဦးစောပေါလု၏ Home Garden တွင် တောင်သူမှတောင်သူသို့ နည်းပညာဖြန့်ဝေခြင်း ကွင်းသရုပ်ပြပွဲကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက မင်းလှမြို့၊ မုက္ခာချောင်းဖြတ် သံဘောင် ရေတံလျောက် လုပ်ငန်းဆောင်ရွက်‌နေခြင်းအား ကြည့်ရှု

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်သည် မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စု၊ ဆားချောင်းကျေးရွာအနီးတွင် မုက္ခာချောင်းဖြတ် သံဘောင်ရေတံလျောက် လုပ်ငန်းစတင် ဆောင်ရွက်နေခြင်းကို ယနေ့နံနက်ပိုင်းက ကြည့်ရှုခဲ့သည်။

ရွှေသောင်ယံမြို့တွင် ပမှတ်(ခေါ်) ငါးသပိတ်ငါးများ ပိဿာချိန်ထောင်ချီရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတွင် ကျော့ပိုက်များဖြင့်‌ ငါးရှာဖွေသူများရှိ နေရာယခုရက်ပိုင်းတွင် ဒေသအခေါ် ပမှတ်(ခေါ်)ငါးသပိတ်ငါးများ ရွှေသောင်ယံဒေသ အသီးသီးတွင် ရရှိနေကြောင်း သိရသည်။
Subscribe to