မြောင်းမြမြို့၌ Mask (နှာခေါင်းစည်း)တပ်ဆင်ထားခြင်းမရှိသည့်စျေးသည်များထံမှ စျေးဝယ်ယူခြင်းမပြုရန် အသိပေးပိုစတာများတပ်ဆင်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ပြည်သူများ ကိုဗစ်−၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များအားလိုက်နာစေရန်နှင့် ကိုဗစ်−၁၉ ရောဂါကူးစက်မှုမရှိစေရန် အတွက် ရည်ရွယ်၍ Mask (နှာခေါင်းစည်း) တပ်ဆင်ထားခြင်းမရှိသည့်စျေးသည်များထံမှ စျေးဝယ်ယူခြင်း မပြုရန် အသိပညာပေး ပိုစတာများကို ယမန်နေ့မွန်းလွဲပိုင်းကမြောင်းမြမြို့နယ် အတွင်းရှိ စျေး(၁၆)နေရာ သို့ လိုက်လံတပ်ဆင်ခဲ့ကြောင်း သိရသည်။