ကျောင်းစုကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်၀န်း) တွင် ဆောင်ရွက်လျက်ရှိသော ရွာတွင်းကျောက်ရောမြေသားလမ်း ခင်းခြင်းလုပ်ငန်းများ (၉၅)ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့၊ ​ကြက်တူရွေးကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ ရွာတွင်းကျောက်ရော မြေသား လမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ(၂၆)ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်အတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

တွံတေးတူးမြောင်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စနစ်တကျ ထိန်းသိမ်းရေး၊ ကမ်းပါးတိုက်စားခြင်းနှင့် ရေလွှမ်းမှု ကြောင့် ပျက်စီးဆုံးရှုံးမှု များမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကို လာမည့် ၂၀၂၁ ခုနှစ် အတွင်း စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ အဆိုပါစီမံကိန်းကို ကိုရီးယားနိုင်ငံ EDCF ချေးငွေ အမေရိကန် ဒေါ်လာ ၆၁.၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ ၇.၉၄၂ သန်း၊ စုစုပေါင်း ၆၉.၂၄၂ သန်းဖြင့် အကောင်အထည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း

တံတားမြို့တွင် မီးသတ်ဝန်ထမ်းနေအိမ် (၄)ခန်းတွဲ(၄)ထပ် အဆောက်အဦအား ပန္နက်တော်မင်္ဂလာ အခမ်းအနားကျင်းပ

ကျောက်ဆည်ခရိုင် တံတားမြို့ အမှတ်(၃)ရပ်ကွက် နွားကျော်ဒရပ် ၈၀’×၃၀’×၄၄’.၃”ရှိ မီးသတ် ဝန်ထမ်း နေအိမ် (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦးအား ယနေ့နံနက်(၉)နာရီက ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ အား တာဝန်ရှိသူများမှစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့နံနက်(၉)နာရီခွဲက မြို့အဝင်အထွက်ဂိတ်များအား သွားရောက် စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည် ။

လွိုင်ကော်မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းများနှင့် မိဘမဲ့ဂေဟာကျောင်းများ၌ ပြည်နယ်ခေတ္တဝန်ကြီးချုပ်မှ ခရစ္စမတ်လက်ဆောင်များ သွားရောက်ပေးအပ်

ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုနှင့် တာဝန်ရှိသူတို့သည် ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် အတွင်းရှိ သီလရှင်ကျောင်းများနှင့် မိဘမဲ့ ဂေဟာကျောင်းများ၌ ခရစ္စမတ် လက်ဆောင်များ သွားရောက် ပေးအပ်ခဲ့သည် ။

တနင်္သာရီမြို့နယ်မှ မြိတ်အကျဉ်းထောင်သို့ အပြစ်ကျတရားခံတစ်ဦး ပို့ဆောင်စဉ် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့မရဲစခန်းမှ ဒီဇင်ဘာလ၂၃ ရက် နံနက်ပိုင်းက ဒုရဲအုပ်သော်တာမျိုးနှင့် ရဲတပ်သား (၂)ဦးတို့သည် ဒုရဲအုပ်သော်တာမျိုး မောင်းနှင်သော မော်တော် ယာဉ်ဖြင့်ထောင်ကျတရားခံ(၂)ဦးအား မြိတ်မြို့အကျဉ်းထောင်သို့ လွှဲပြောင်းပို့ဆောင်ပေးရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးစဉ် အသက်(၂၅)နှစ်အရွယ်၊ အမျိုးသားတစ်ဦး၊ ဗိုလ်တဲလမ်း ချောင်းကြီးရပ်ကွက် ၊တနင်္သာရီမြို့နေသူထံမှ ရောဂါပိုးအတည်ပြုတွေ့ရှိကြောင်း အဖြေကို ယင်းနေ့ ညနေပိုင်းတွင် အကြောင်းကြားသိရှိရကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ရပ်ကွက်စာကြည့်တိုက်များရှိ ကော်မတီဝင်များအား စာကြည့်တိုက်မှတ်ပုံတင် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီမှ ရပ်ကွက်စာကြည့်တိုက် များရှိ ကော်မတီဝင်များအား စာကြည့်တိုက် မှတ်ပုံတင်နိုင်ရေးအတွက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတွင် ပြုလုပ်ကြောင်း သိရသည်။

ဒိုက်​ဦးမြိုနယ်​တွင်​ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့်​ကော်​မတီဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်း၊ ဒိုက်​ဦးမြို့နယ်​၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ ရွာဝိုင်းကြီးကျေးရွာနှင့် ရွှေအင်ဒုံ ကျေးရွာအုပ်စု၊ ချင်းစုကျေးရွာတို့တွင် ဒီဇင်ဘာလ ၂၃ရက်နေ့က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

မိုးခုတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ဝမ်ကတ်-ဝမ်လောက် ကျောက်လမ်းခင်း ခြင်းလုပ်ငန်းအား ယနေ့ နံနက် ၁၀ နာရီခွဲက ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှတာဝန်ရှိသူတို့ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။
Subscribe to