နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး နမ္မတူမြို့နယ်၌ ဒဏ်ငွေရိုက်ကာ ကြပ်မတ်ဆောင်ရွက်

နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်ရှိ တိုင်းရုံးတံတားထိပ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

မိုင်းခတ်မြို့နယ်၌ ခရစ္စမတ်ပွဲတော်အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခွင့်ပြုထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ ခရစ္စမတ်ပွဲတော်ကျင်းပမည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၂၄ ရက်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဇလွန်မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မစျေးသစ်တွင် ပြုလုပ်ခဲ့သည်။

သောက်သုံးရေ အဆင်ပြေစေရန်တွက် ဝေါကျယ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် သမိုကျေးရွာအုပ်စု ဝေါကျယ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်း (၅၂၈၀ ပေ)နှင့် ရေလှောင်ကန်(အလျား ၁၂ပေ x အနံ ၁၀ပေ x အမြင့် ၅ပေ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ ၁၂,၀၀၀,၀၀ဝိ/- ကျပ်ဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း သိရသည်။

မြင်းခြံမြို့၌ A အဆင့် သတ်မှတ်ခံရသည့် စားသောက်ဆိုင်များ ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့် ပြုနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့က ဒုတိယအကြိမ် ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ တံတားကြီးကျေးရွာတွင် ရွာသူ ရွာသားများအားလုံးစုပေါင်း၍ အမှိုက်ကင်းစင် ရေး စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် လုပ်ငန်းများအား ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်း က တိုင်း​ဒေသကြီးလွှတ်​တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော် နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကျွန်းစုကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း) တွင် ရွာတွင်းဂဝံ‌မြေသားလမ်း ခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့၊ ​ကြက်တူရွေးကျေးရွာအုပ်စု၊ ကျွန်းစုကျေးရွာ ရွာတွင်းဂ၀ံမြေသားလမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ (၃၀)ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျိုက်မရောမြို့နယ်အတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးပို့လှူဒါန်း

ကိုဗစ် - ၁၉ ​ရောဂါကာကွယ်​ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းက ​မော်လမြိုင်ခရိုင်၊ ကျိုက်​မရောမြို့နယ်ပြည်သူ့​ဆေးရုံ၊ ကျိုက်မ​ရော လူငယ်ပရဟိတအဖွဲ့နှင့် ဖြူစင် နှလုံးသားပရဟိတအဖွဲ့တို့အတွက် ကိုဗစ်-၁၉ကာကွယ် ​ရေးပစ္စည်းများ ​ထောက်ပံ့လှူဒါန်းခြင်းကို ယမန် ​နေ့ ည​နေကမြို့နယ်ပြည်သူ့​ဆေးရုံ အစည်းအ​ဝေးခန်းမ၌ပြုလုပ်သည်။
Subscribe to