အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက် တနိုင်တပိုင် (Home garden) စိုက်ပျိုးရေး နည်းစနစ် မှန်ကန်ရေး ပညာပေး ကွင်းသရုပ်ပြ
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဒိုင်းပြကျေးရွာအုပ်စု၊ ပုတိန်ကုန်းကျေးရွာတွင် တောင်သူလယ်သမားများ ကိုဗစ် − ၁၉ ရောဂါ ကာလအတွင်း ကျန်းမာသန့်ရှင်း လတ်ဆတ်ပြီး အသက်ရှင်နေထိုင် စားသောက်နိုင်ရေးအတွက် Home garden စိုက်ပျိုးနည်း စနစ်မှန်ကန်ရေး ပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တက်ရောက် ခဲ့ကြောင်း သိရသည်။