စစ်ကိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်စိုက်ကွင်း စံကွက်ရိတ်သိမ်း

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနအစီအစဉ်ဖြင့် သက်ဆိုင်ရာနည်းပညာပြန့်ပွားရေးစင်တာ များမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ကုန်းကျေးရွာ (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဧရာမင်း မျိုးစပါးမျိုးစေ့ ထုတ်ကွက်အား

မောက်မယ်မြို့နယ် ယာယီပျံကျစျေး၌ Mask Campaign ပြုလုပ်

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း မိမိရောဂါကို သူတစ်ပါးထံ မကူးစက်စေရန်နှင့် Mask အသုံးပြုသည့်အလေ့အထများ ဖြစ်ပေါ်လာစေရန် အတွက်ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ယာယီပျံကျစျေး၌ Mask Campaign ကို ယနေ့နံနက် ၇နာရီက စုပေါင်းပြုလုပ်ခဲ့သည်။

ကြို့ပင်ကောက်မြို့မှ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား RDT test kit များဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေး

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ မြို့လယ်ချောင်းကျေးရွာ ဓနသီဟစက်သုံးဆီဆိုင်ကုန်တင် ယာဉ်ရပ် နားစခန်းတွင် မြို့နယ်အတွင်းမှ ကုန်ကားမောင်းသူများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးခြင်းကို ယနေ့မှ စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တမူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်သန့်ဆေးရည်များ လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်ဘူးများကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန် က လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် ပါဝင်သော တောင်သူများ၏ လယ်/ယာမြေများအတွက် မြေယာလျော်ကြေးငွေပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ရာတွင် ပါဝင်သော တောင်သူများ၏ လယ်/ယာမြေများအတွက် မြေယာလျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်အတွင်း ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် NEP Phase – 2 စီမံကိန်းဖြင့် ကျေးရွာ ပေါင်း (၂၀) တွင် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေးNEP Phase – 2 စီမံကိန်းဖြင့် ကျေးရွာပေါင်း (၂၀)အား ကျေးရွာလျှပ်စစ် မီးလင်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်း ဆောင်ရွက်ခြင်းကို

မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးတွင် မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်ဆိုင်ရာ စည်းကမ်းများနှင့်အညီ ပင်စင်လစာ ထုတ်ပေးလျက်ရှိ

‌မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြန်မာ့စီးပွါးရေးဘဏ်ခွဲက ဒီဇင်ဘာ ၂၁ ရက်မှနံနက် (၉) နာရီခွဲ မှ စတင်၍ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ(A)အဆင့် စားသောက်ဆိုင်များအားစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး အတွက် လိုက်လံစစ်ဆေး ပညာပေးဆောင်ရွက်

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စားသောက်ဆို‌င်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တာဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်ရောင်းချခွင့် ပြုပေးလျက်ရှိပြီ (A)အဆင့် စံသတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများ က ယနေ့နံနက် ၈ နာရီမှစတင် ကွင်းဆင်း စစ်ဆေးသည်။

မြို့သစ်မြို့နယ်၌ နိုင်ငံခြားတင်ပို့ကုန် ဖရဲသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးသီးနှံများတိုးပွားလာရေး၊ တောင်သူများ အနေဖြင့် စိုက်ပျိုးနည်းပညာရရှိပြီး မိမိတို့ကိုယ်တိုင်သီးနှံများ စိုက်ပျိုးလာနိုင်စေရန်ရည်ရွယ်၍ နိုင် ငံခြားတင်ပို့ကုန်ဖြစ်သည့် ဖရဲသီးနှံအား ယင်းချောင်းဘေး တစ်လျှောက်ရှိ တလုပ်ပင်ကွင်း ၊ မကြီး ထူးကွင်း ဧက(၂၀၀)တွင်ဗိုလ်မြင့်သူကုမ္ပဏီနှင့် အကျိုးဆောင် တောင်သူများပူးပေါင်း၍ ဖရဲသီးနှံအား စတင်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Subscribe to