ကော့မှူးတွင် Mask တပ်ဆင်ရေး Mask Campaign ဆောင်ရွက်

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ‌စေရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီက လူစည်းကားရာနေရာ များဖြစ်သော ဗိုလ်ချုပ်လမ်းမကြီး‌

ကျောက်တံတားမြို့နယ်တွင် "ကိုဗစ်-၁၉ရောဂါ ကာကွယ်ဖို့ တို့တွေအားလုံးလိုက်နာစို့" ပိုစတာ ဗီနိုင်းများ စိုက်ထူ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီး နိုင်စေရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍

ခရမ်းမြို့နယ် သက္ကယ်ကုန်းကျေးရွာတွင် ကျေးရွာအဆင့် စီမံကိန်း မိတ်ဆက်ပွဲကျင်းပ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း (CDD)ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့်

Y.M.B.A အသင်းချုပ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများကို ထပ်ဆင့် ဂုဏ်ပြု

နှစ်(၁၀၀)ပြည့် အမျိုးသားနေ့တွင် Y.M.B.A အသင်းချုပ်ကြီးမှ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ရာ သာကေတမြို့နယ်၊ Y.M.B.A အသင်းခွဲအမှတ် (၂)မှ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူ (၂)ဦးအား ယမန်နေ့ မွန်းလွဲ(၃)နာရီက သာကေတမြို့နယ်၊

Beer Chang စက်ရုံမှ လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ ငွေကျပ်သိန်း(၅၀)လှူဒါန်း

ကိုဗစ်-၁၉ ရောဂါကူးစက်ကာလ လှည်းကူးမြို့နယ်အတွင်းရှိ Quarantine Center များ၌ အနီးကပ် စောင့်ကြည့်ထားရှိသူများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် အထောက်အကူပြုစေရန် လှည်းကူးမြို့နယ် တံခွန်တိုင်အင်းစိန်ကျေးရွာအုပ်စုအတွင်းရှိ Beer Chang စက်ရုံမှ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊တားဆီးရေးကော်မတီသို့ ယမန်နေ့နံနက် (၁၀)နာရီခွဲက ငွေကျပ်သိန်း(၅၀) လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗုဒ္ဓမြတ်စွာဘုရား၏ အောက်လက်ဝဲစွယ်တော်ပွား ကိန်းဝပ်စံပယ်တော်မူသည့် ဝန်းသိုမြို့နယ် သီရိမြန်မာစွယ်တော်မြတ် စေတီတော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်းကားလမ်းမကြီးဘေး ညောင်ပင်သာကျေးရွာ၏ မြောက်ဘက် သီရိမြန်မာစွယ်တော်မြတ်တောင်ရိုးပေါ်တွင် သီရိလင်္ကာ နိုင်ငံ၊ ကန္ဒီ မြို့ရှိ ဗုဒ္ဓမြတ်စွာဘုရား၏ အောက်လက်ဝဲ စွယ်တော်ပွားကို ပင့်ဆောင်ကာ ကိန်းဝပ် တည်ထားပူဇော်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အိမ်ပြင်ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေး အရေးယူခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ် အတွင်းရှိ (၄၀)ရပ်ကွက် စျေးတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP)နှင့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများရွေးချယ်ခြင်းလုပ်ငန်း အစည်း အဝေး ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများအား ရွေးချယ်ခြင်း လုပ်ငန်း  အစည်းအဝေးကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် Mobile Market စျေးရောင်းယာဉ်များဖြင့် စားသောက်ကုန်များအား ဆက်လက်ရောင်းချ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား သင့်တင့်​သော စျေးနှုန်းဖြင့် ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် အတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ကံမမြို့ အမှတ်(၂)ရပ်ကွက် ရွှေစေတီလမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင်တင် ဆောင်ရွက်

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ်(၂)ရပ်ကွက် ရွှေစေတီလမ်းအား မြေသား လမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ပြုလုပ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့် ကော်မတီဝင် များက ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to