စေတုတ္တရာမြို့နယ် ချီကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၄) ဦးထပ်မံတွေ့ရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ချီကျေးရွာတွင် စလင်းမြို့သို့ သွားရောက်ခဲ့သူ အမျိုးသားလူနာနှင့်ထိတွေ့သူများအား (RDT) Test Kid ဖြင့် Swab နမူနာယူ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၄)ဦး ထပ်မံ စစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။