အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ကံတင်ဘီးလင်းဆည်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၁၂၀၀၀၀) စိုက်ထည့်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ သဘာဝရေပြင်နှင့် ဆည်ရေလှောင်တမံများတွင် ငါးသယံဇာတ ပေါကြွယ်ဝစေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ငါးရိက္ခာများ လုံလောက်စွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်မျိုးစိုက်ထည့်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ကံတင်ဘီးလင်းဆည် အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၁၂၀၀၀၀) စိုက်ထည့်ခဲ့ကြောင်း ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိုးသီတာ ထံမှ သိရသည်။