အင်္ဂပူမြို့နယ်‌ နောက်မီးမြစ်ထိပ်‌ ကျေးရွာတွင်မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့သော လူနေ အိမ်များအတွက်‌ အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုးများထောက်ပံ့ပေးအပ်

အင်္ဂပူမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်‌နေ့ နေ့လည်၂နာရီက အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊‌ နောက်မီးမြစ်ထိပ်ကျေးရွာတွင် ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်‌‌ ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိ က္ခာဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မန္တလေးအောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက်ရှိ သီရိမာလာဈေးအား တစ်ပတ်ကြာ ယာယီပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်

မန္တလေးအောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက်ရှိ သီရိမာလာဈေးအား တစ်ပတ်ကြာ ယာယီပိတ်ထားရာမှ ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့မှ ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ(ဖောင်ကြီး) တွင် သွားရောက်တာ၀န်ထမ်းဆောင်ခဲ့သော သူနာပြု၀န်ထမ်း (၂) ဦးအား ဂုဏ်ပြုကြိုဆို

ရန်ကုန်မြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ(ဖောင်ကြီး) တွင် သွားရောက် တာ၀န် ထမ်းဆောင်ခဲ့သည့် ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ လိပ်သိုမြို့ တိုက်နယ်ဆေးရုံမှ သူနာပြု ၀န်ထမ်း (၂) ဦးအား ယမန်နေ့ညပိုင်းက တိုက်နယ်ပြည်သူ့ ဆေးရုံတွင် ဂုဏ်ပြုကြိုဆိုခဲ့ကြ ကြောင်း သိရသည်။

စားသုံးရန်မသင့်သည့် အစားအသောက် နမူနာ (၁၉)မျိုးနှင့် ခွင့်မပြုဆိုးဆေး Sudan III ရောင်းချမှု မရှိစေရေး ထီးလင်းမြို့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ ကုန်စုံဆိုင်များနှင့်အဖွဲ့ပိုင်(မြို့မဈေး)တွင် စားသုံးရန်မသင့်သည့် Sodium Cyclamate သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေသော အစားအသောက် နမူနာ(၁၉)မျိုးနှင့် ခွင့်မပြုဆိုးဆေး Sudan III ရောင်းချမှု မရှိစေရေး အတွက် ယမန်နေ့ ညနေပိုင်းတွင် တာဝန် ရှိသူများက ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးဝေသည့်မြောင်းများ သန့်ရှင်းရေးနှင့် ဆေးသုတ်ခြင်း လုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ (နွေ၊ မိုး၊ ဆောင်း) ရာသီမပျက် အဆင်ပြေစွာ သီးနှံစိုက်ပျိုး နိုင်ရေး အတွက် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေဖြန့်ဝေ ပေးလျက် ရှိသည့် တောင်မုန်းမြောင်းမကြီးအား ကြံ့ခိုင်ကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာ လှပစေရေးအတွက် သန့်ရှင်းရေး ပြုလုပ် ခြင်းနှင့် မြောင်းပေါင်များ ဆေးသုတ်ခြင်း လုပ်ငန်းများကို မြို့နယ်ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ လမ်းညွှန်မှုဖြင့် ဆည်ရေ လုပ်သားများ အဖွဲ့က ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ ထိန်ကင်းကျေးရွာအုပ်စု၊ မာလာကျေးရွာ တောင်သူများ စပါးခင်း စိုက်ခင်းများသို့ ကြွက်များကျရောက် နေမှုအားကွင်းစစ်ဆေး

ဟုမ္မလင်းမြို့နယ်၊ ထိန်ကင်းကျေးရွာအုပ်စု၊ မာလာကျေးရွာ တောင်သူများမှ နှောင်းလုံး(အင်းကြီး)ကို အမှီ စိုက်ပျိုးသည့် နွေစပါး (မုယင်း)ပျိုးခင်းများသို့ ကြွက်များကျရောက်ကြောင်းသိရှိရဖြင့် ယမန့် နံနက်(၉)နာရီက ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့် အတူတကွ ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ထီးချိုင့်မြို့နယ်၊ ကမ်းနီကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရေဆင်း(၆)ပဲပုတ်စိုက်ပျိုးနည်းကွင်းသရုပ်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကမ်းနီကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများသည် ရေဆင်း(၆) ပဲပုတ်စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ကမ်းနီနည်းပညာပြန့်ပွားရေးစင်တာနယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းအခုရေ (၁၀၀၀၀) ကျော် အခမဲ့ဝေငှ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လမ်းဆုံလမ်းခွနေရာများနှင့် လူစည်ကားရာ လမ်းတစ်လျောက် ပြည်သူများ ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း အခုရေ (၁၀၀၀၀) အခမဲ့ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to