ဘောဂလိမြို့ အမှတ်(၂)ရပ်ကွက် ဖူးလားခရီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်း တူးဖော် ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို မြို့စည်ပင်သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် Quarantine Centre များ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း Quarantine ဝင်ရောက်ခဲ့သူ အသက် (၆၀) နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်(၃၀၀၀၀) စီ ထောက်ပံ့ပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း Community Based Facility Quarantine Centre များတွင် အသွားအလာ ကန့်သတ်ထားရှိခဲ့သည့် အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် တစ်ဦးလျှင် ကျပ် (၃၀ဝဝဝ) ကျပ်စီ ထောက်ပံ့မှုများအား ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ရပ်ကွက်များအလိုက် ကွင်းဆင်းပေးအပ်ခဲ့ကြသည်။

"Training Trainers in Organizational Strengthening" သင်တန်း၏ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ကုန်သည်စက်မှုအသင်းချုပ်သည် International Trade Centre (ITC) နှင့်ပူးပေါင်း၍ အသင်းချုပ်နှင့် ညီနောင်အသင်းများ၏ လုပ်ငန်းစွမ်းရည်များ တိုးတက်ကောင်းမွန်လာပြီး Operational and Internal Capacity မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် Training Consultants များ မွေးထုတ်ပြီး ရေရှည်ဖွံ့ဖြိုးမှုအစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် "Training Trainers in Organizational Strengthening" သင်တန်း၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့သည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများ လျော့ကျစေရေးအတွက် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများလျော့ကျစေရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ်လှည့်ကင်းများ၊ ယာဉ်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၉ နာရီအချိန်က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်အေးဝင်းနိုင်နှင့်တပ်ဖွဲ့များ၊ အမှတ်(၅၈) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူး ဦးအောင်သူနှင့်အဖွဲ့များ စုပေါင်းအင်အား(၁၀) ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ အမှတ်(၅၈)ရပ်ကွက်၊ ကွမ်အပ်သားမင်းသားလမ်း​နှင့် ရတနာလမ်းထောင့်တွင် ယာဉ်များ ပိတ်ဆို့စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးလက်လူငယ်များကွန်ပျူတာသင်တန်းသို့ World Vision အဖွဲ့မှ ကွန်ပျူတာများလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာတွင် ကလေးငယ်များနှင့် လူငယ်လူရွယ်များအား သင်ကြားပို့ချပေးမည့် ကွန်ပျူတာသင်တန်းအတွက် လို့အပ်သည့်ကွန်ပျူတာများကို World Vision (ကော့သောင်း) အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

အောင်မြေသာစံမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းခြင်းနှင့် အသိပညာ‌ပေးဆွေးနွေးခြင်းများ ဆောင်ရွက်

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ ရပ်ရွာအခြေပြုလူကုန်ကူးမှုဆိုင်ရာစောင့်ကြည့်အဖွဲ့၏ဖွဲ့စည်းပုံနှင့် လုပ်ငန်း တာဝန်များအား ချပြရှင်းလင်းခြင်းနှင့် အသိပညာ‌ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ၂၄လမ်းနှင့် ၂၅လမ်းကြား၊ ၆၄လမ်းရှိ မဟာ‌ဇေယျာဘုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ဘုံကွင်းကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာ၊ ခန္တောကျေးရွာအုပ်စု၊ ခန္တော+ ရေအေးဆိပ်ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီက အဆိုပါကျေးရွာများရှိ ရွာဦးဘုန်းကြီး ကျောင်းဝန်းများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် ကျန်စိမ့်ကျေးရွာရှိ (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော ကျန်စိမ့်ကျေးရွာ တောင်သူ(၅)ဦး၏ မျိုးသန့်မျိုးပွားမျိုးစေ့ (R.S)အဆင့် မနောသုခ မျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧက စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကျေးလက်လမ်း(၂)လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်သွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း(၂)လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာကုန်ထုတ်လမ်းသစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိ(နည်းပညာ) ဒေါ်လွင်ဝေအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က တင်ဒါစနစ်ဖြင့် တာဝန်ယူဆောင်ရွက်မည့် Myanmar Land ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကုန်ထုတ်လမ်းအကျယ်ရရှိရေး တိုင်းတာခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to