ဟိုမိန်းမြို့ မယ်အောရွာကျေးအုပ်စု အတွင်းရှိ ကျေးရွာသုံးရွာ၌ တစ်အိမ်သုံးဆိုလာမီး ဖွင့်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ဟိုမိန်းမြို့ မယ်အောကျေးရွာအုပ်စု မယ်အောကျေးရွာ၊ ဝမ်မိုင်ကျေးရွာနှင့် ဟွေဟ ကျေးရွာတို့တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) ဖြင့် တစ်အိမ်သုံး ဆိုလာမီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က အဆိုပါကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။