ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ်ထားသူများအတွက် ထောက်ပံ့
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ်ထားသူများကို ဂန့်ဂေါ မြို့နယ်တွင် စက်မှုလက်မှု သိပ္ပံ(ဂန့်ဂေါ) ၊ အထက ဂန့်ဂေါ၊ မြို့မ အမက တို့တွင် ထားရှိရာ ယနေ့အထိ စုစုပေါင်း ၁၃၇ ဦးရှိနေရာ စေတနာရှင် များက ငွေကြေးထောက်ပံ့မှုအပြင် ဆန်၊ ဆီ၊ စားဖွယ်များ ဟင်းသီးဟင်းရွက်များ ထောက်ပံ့လျက်ရှိကြောင်း သိရသည်။