နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ဒဏ်ငွေဆောင်စေကာ အသိပညာပေးခြင်း ခရမ်းမြို့တွင်ဆက်လက် ဆောင်ရွက်
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်က လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွ များတွင် နေ့စဉ်အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။