ကန်ပက်လက်မြို့နယ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းအမျိုးအစား (၁၁) မျိုးအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု၊ ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း အမျိုးအစား (၁၁) မျိုးကို မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ တင်ဒါအောင် ကုမ္ပဏီများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

အင်္ဂပူမြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့်‌ ကြိုတင်ပြောင်းရွေ့ခဲ့သော လူနေအိမ်များအတွက်‌ အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်

အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယမန်‌နေ့ မွန်းလွဲ ၃ နာရီက အင်္ဂပူမြို့နယ်၊ ဝက်လဟာအုပ်စု၊ ကညင်တပင် ကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် ပူးပေါင်းစစ်ဆေးရေး ဂိတ်မဖြတ်ဘဲ ပိတ်ဆို့ထားသည့် နေရာများတွင် ဖျက်ဆီး ခိုးဝင်သူများအား အရေးယူဆောင်ရွက်

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ခရီးသည် များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ

မြန်အောင် တာမိုင် ၆/၃ မကျီးစုတာနှင့် ၆/၇နှင့်၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံ မြစ်ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်သွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ မြန်အောင်တာမိုင် ၆/၃ မကျီးစုတာနှင့် ၆/၇ နှင့် ၇/၀ အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ယခုနှစ်မိုးရာသီတွင် ကမ်းပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ မြစ်ကမ်းထိန်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ထန်တလန်မြို့၌ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန Food and Drug Administration (FDA) ဝန်ထမ်းများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီဝင်များ ပူးပေါင်း၍ မြို့ပေါ်ရှိ စားသောက် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအသောက်များ၊ ဆေးဝါးများ၊ သက်တမ်း ကုန်ဆုံးသော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်အတွင်းရှိ ကျွဲ၊ နွားနှင့် ဆိတ်များကို ရောဂါကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ဘော်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ တွင် ကျွဲ၊ နွားနှင့် ဆိတ်များ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာအချို့ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်တွင် စောင့်ကြပ်ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ နှစ်ဦးအား ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဟားခါးမြို့တွင် စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုနိုင်ရေး တာဝန်ရှိသူများ ဆက်လက် ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာ ရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ ယနေ့တွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူများက ဆက်လက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

လသာမြို့နယ်တွင် ပြည်သူများပြင်ပထွက်ခွာရာတွင် Mask တပ်ဆင်မှုရှိစေရေး အတွက် Mask Campaign လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ပြည်သူအားလုံး ပြင်ပထွက်ခွာရာ၌ Mask တပ်ဆင်မှု ရှိစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်အဆင့်သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်း အချိန်က မြို့နယ်၏ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းလုံခြုံရေး ယာဉ်ကြောပိတ်ဆို့စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဦးဝိစာရရပ်ကွက် ရှိ  ဦးဝိစာရလမ်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်အေးနှင့်အဖွဲ့၊  ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောမင်းသန်းတို့က ပူးပေါင်း၍ ယမန်နေ့ည၉ နာရီကယာဉ်ကြောပိတ်ဆို့ စစ်ဆေးဆောင်ရွက်ကြောင်းသိရသည်။
Subscribe to