ဖာပွန်-ကမမောင်း-ဝါးဘိုးတော ကားလမ်းဘေးရှိဝဲပျံကျေးရွာမှ ဖရဲသီးများကို ပြည်ပသို့တင်ပို့ နိုင်ရန်အတွက် ယခင်နှစ်ထက်ပိုမိုစိုက်ပျိုး
ကရင်ပြည်နယ် ဖာပွန်-ကမမောင်း-ဝါးဘိုး တောကားလမ်းဘေးရှိ ဝဲပျံကျေးရွာ၌ ထိုင်ဝမ်ဖရဲ မျိုး (855) နှင့် HERA မျိုး၊ ယိုးဒယားမျိုးဖြစ်သည့် ဒေသအခေါ် ဒုံးကျည်သီးမျိုးစသည့်ဖရဲမျိုးများကို ယခင်နှစ်များထက် ဖရဲစိုက်တောင်သူများက ပိုမိုအားထည့်၍ ကြိုးပမ်းစိုက်ပျိုးကြောင်း သိရသည်။