ပန်းတနော်မြို့နယ်ရှိ ပန်းရွှေဝါပန်းခြံအား သာယာလှပစေရေး ပြုပြင်ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ပန်းရွှေဝါပန်းခြံအတွင်း စိမ်းလန်းသာယာ လှပစေရေး ပြည်သူများ အပန်းဖြေနိုင်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယနေ့ နံနက်ပိုင်း က အဆိုပါ ပန်းခြံအား ပြန်လည်ပြုပြင် မွမ်းမံလျက်ရှိကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုစာရင်း မှန်ကန်ရေးအတွက် မြို့နယ်အဖွဲ့များဖြင့် စိစစ်ဆောင်ရွက်​

လှိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အ​​ခြေခံလူတန်းစားအိမ်ထောင်စုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် လှည့် လည် နှိုးဆော်အသိပေးကြေညာခြင်း၊ သတ်မှတ်ပုံစံထောက်ခံချက်များဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များတွင် လာရောက်လျှောက်ထားရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် အသိ​ပေးစာများ၊ သတ်မှတ်ပုံစံများ ကပ်ထား ခြင်း၊ ပုံစံစာရွက်များ လိုက်လံဝေငှပေးခြင်း၊ ရပ်ကွက်အတွင်း လှည့်လည်ကြေညာပေးခြင်း၊ ကွင်းဆင်း၍​ မြေပြင်အ​ခြေအ​နေ စစ်​ဆေး​ဆောင်ရွက် ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ခင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးကယ်ဆယ်ရေး လက်တွေ့လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပွားပါက မီးဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယမန်နေ့ နံနက် ၉ နာရီက မီးသတ်စခန်းရှေ့တွင် လက်တွေ့လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းကို အပတ်စဉ် ကြာသပတေး‌နေ့တိုင်း Mask Campaign ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီခွဲက မြို့မဈေးနှင့် မြို့လယ်ပန်းခြံလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ကိုဗစ်−၁၉ကုသရေးစင်တာ၌ လုပ်အားပေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား သံဖြူဇရပ်တွင် ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်စင်တာ ကိုဗစ်−၁၉ကုသရေးစခန်း၌ မွန်ပြည်နယ်မှသွားရောက် လုပ်အားပေး ထမ်းဆောင်ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်(၄၁)ဦးအနက်မှ၊ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ကိုယ်စားပြု တပ်ဖွဲ့ဝင်(၄)ဦးသည် တစ်လတာမျှ လုပ်အားပေးထမ်းဆောင်ကြပြီးနောက် နိုဝင်ဘာလ ၂၁ရက်နေ့က သံဖြူဇရပ်မြို့နယ်သို့ ပြန်လည်ရောက် ရှိခဲ့ကြောင်းသိရသည်။

တုံတာမြို့၌ အသွားအလာကန့်သတ်ထားရှိသူ (၁၀) ဦးအား သတ်မှတ်ကာလပြည့်၍ နေအိမ်ပြန်ခွင့်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသွားအလာကန့်သတ်ထားရှိသူ (၁၀) ဦးအား တာဝန်ရှိသူများက သတ်မှတ်ကာလ ၁၄ရက်ပြည့်၍ ယနေ့မွန်းလွဲပိုင်း က မိမိနေအိမ်သို့ ပြန်ခွင့်ပြုခဲ့သည်။

သထုံမြို့ရွှေစာရံစေတီတော်မြတ်ကြီးအား စေတီတော်ပုရဝုဏ်အတွင်း ဝင်ရောက်ဖူးမျှော်ရန် ပြန်လည်ခွင့်ပြု

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ပုရဝုဏ်အတွင်းဝင်ရောက်ဖူးမျှော်ခွင့် ယာယီပိတ်ထားသည့် မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးအား ယမန်နေ့နံနက်မှစတင်ကာ ပြန်လည်ဝင်ရောက်ဖူးမျှော်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

ကွမ်းလုံမြို့၌ နေရပ်ပြန်ပြည်သူ (၆၀) ဦး အား Swab ရယူစစ်ဆေးရာ ပိုးမတွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူနှင့် အခြားဒေသမှ နေရပ်ပြန်ပြည်သူ (၆၀)ဦးအား အသွားအလာကန့်သတ်စောင့်ကြည့်၍ အာခေါင်နှာခေါင်း Swab နမူနာကို ဒီဇင်ဘာ ၁၄ ရက်နေ့က မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကိုယ်လက်လှုပ်ရှား အကအလှနှင့်အတူ ဌာနဆိုင်ရာများ ပူးပေါင်းကာ နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆက်လက် ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီခန့်တွင် ဘိုကလေးမြို့နယ်၏ လူစည်ကားရာ အရပ်များ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ နှာခေါင်းစည်း တပ်ဆင်သွားလာ‌စေရေး အသိပညာပေး(Mask Campaign) ပြုလုပ်ဆောင်ရွက်သည်။

ဇလွန်မြို့တွင် (A) အဆင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသော စားသောက်ဆိုင်များနှင့် လဖက်ရည်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် (A) အဆင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသော စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချနေခြင်းအား သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ ၊ မရှိ ကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to