စေတုတ္တရာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်စည်ပင်သာယာဈေး၌ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ် ပွားစေရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ယနေ့ နံနက်(၇) နာရီ အချိန်က မြို့နယ်စည်ပင်သာယာဈေးရှိ ဈေးရောင်း / ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။