ရွာသစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက် သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ နေရာများ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ ညောင်လမ်းငူကျေးရွာ၌ ဆောင်းသီးနှံအဖြစ်မြေပဲများစတင်စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ ညောင်လမ်းငူကျေးရွာ၌ တောင်သူဦးသိန်းထိုက်ဦး၏ လယ်မြေတွင် ဆောင်းသီးနှံအဖြစ် မြေပဲစတင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် လက်သန့်ဆေးရည်နှင့် Mask များ အိမ်တိုင်ရာအ‌ရောက် အခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့ပွားမှုမရှိစေရန်အတွက် Local Resource Centre (LRC) ၏ ပံ့ပို့ကူညီမှုဖြင့် သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာဒေါ်နော်မာမာချိုနှင့် အဖွဲ့က ယနေ့နံနက်ပိုင်း၌ သံတောင်ကြီးမြို့ပေါ်ရပ်ကွက် (၃) နှင့် ကွက်သစ်ကုန်းများတွင် လက်သန့် ဆေးရည်နှင့် နှာခေါင်းစည်းများကို အိမ်တိုင်ရာအရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ စက်တပ်သမ္ဗန်ဆိပ်၌ Mask များ အခမဲ့ဖြန်ဝေခြင်းနှင့် စက်တပ်သမ္ဗန်များ တွင် အသက်ကယ်အင်္ကျီ(Life -Jacket)များ ပါရှိရေး စစ်ဆေးဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် စက်တပ်သမ္ဗန်ဆိပ်တွင် မြို့နယ်နေပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် စက်တပ်သမ္ဗန်များတွင် အသက်ကယ်အင်္ကျီ ပြည့်စုံစွာပါရှိရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

နမ့်စန်တွင် ငွေဖြိုး(ဈေး) သမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်း အဝေး နှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ငွေဖြိုး(ဈေး) သမဝါယမအသင်း လီမိတက် ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေး နှင့် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်း သား/သူများ၏ သားသမီးများကို ဂုဏ်ပြု ငွေချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၁၇ရက် နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်း အဝေးခန်းမတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များနှင့် သိရှိလိုက်နာရမည့် အသိပေးချက်များကို ဒေးဒရဲမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံတောင်မြို့ ပြည်သူ့စာကြည့်တိုက်တွင် မီးဘေးလုံခြုံရေးအသိပညာပေး Talk Show ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်အနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ် သည့်အတွက် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးများ သိရှိစေရန် ရည်ရွယ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က သံတောင်မြို့ ပြည်သူ့စာကြည့်တိုက်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ(၉)ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ရရှိ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ(၉)ဦး ကျန်းမာရေးကောင်းမွန်လာ၍ ယမန်နေ့ ညနေပိုင်းက ဆေးရုံ မှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ မှန်ကန်မှု ရှိ/မရှိ လိုက်လံစစ်ဆေး

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၊ ကုန်ခြောက် ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော Ajinomoto ဟင်းခပ်အချိုမှုန့်များနှင့် မြို့နယ်အတွင်း ရောင်းချ လျက်ရှိသော မုန့်ဆိုင်များမှ စားသောက်ကုန် မုန့်မျိုးစုံပစ္စည်းများ၌ တံဆိပ်၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်ဈေးနှင့် အမှတ်(၁၂) ရပ်ကွက် အတွင်းရှိ ဈေးဆိုင်များတွင် လိုက်လံစစ်ဆေးသည်။

နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား ၁၅ ဦးကို လွှဲပြောင်း ပို့ဆောင်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင် လျက်ရှိသော ထိုင်းနိုင်ငံသား အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၇ ဦး၊ ကလေးမ ၂ ဦး စုစုပေါင်း ၁၅ ဦး တို့ကို မြန်မာတာဝန်ရှိပုဂ္ဂိုလ်များမှ ယမန်နေ့ နေ့လည်အချိန်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Subscribe to