နိုင်ငံတော်မှ အခြေခံလူတန်းစားအိမ်ထောင်စုများကို ငွေကြေးထောက်ပံ့ကူညီရာတွင် အမှန်တကယ် ရသင့်ရထိုက်သူများ ရရှိစေရေးနှင့် တိကျမှန်ကန်သော လူဦးရေစာရင်း တင်ပြနိုင်ရေး ကွင်းဆင်းစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံ လူတန်းစားအိမ်ထောင်စု များကို နိုင်ငံတော်မှ ငွေကြေးထောက်ပံ့ကူညီရာတွင် အမှန်တကယ် ရသင့် ရထိုက်သူများ ရရှိစေရေးနှင့် တိကျမှန်ကန်သော လူဦးရေစာရင်း တင်ပြနိုင်ရေး မြို့နယ် အတွင်းရှိ ဌာန ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်မှ စတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။