ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ Gender, CEDAW, NSPAW အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသားနှင့် အမျိုးသမီးများအကြား လူမှုရေး (သို့မဟုတ်) ယဉ်ကျေးမှုအရ ခွဲခြားဆက်ဆံမှု၊ ယောင်္ကျားပီသခြင်း၊ မိန်းမပီသခြင်း အယူအဆများအရ ကျင့်သုံးမှုများ (Gender)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CEDAW)၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွဲ့စည်းသည့်

မရမ်းကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်နှင့်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သတိရှိစေရန် အစဉ်အမြဲ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ ရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အနေဖြင့် ယမန်နေ့ နံနက် ၈ နာရီအချိန်မှ စတင်ကာ လူစည်ကားရာနေရာများဖြစ်သည့် မြရတနာစျေး၊ သမိုင်းဘူတာပျံကျစျေးတို့တွင် ပြည်သူများ ကျန်းမာရေးသတိရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်စေရေး Mask Campaign ပြုလုပ်ခြင်းအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြသည်။

တွန်းဇံမြို့၌ အသွားအလာကန့်သတ်သူ အမျိုးသားတစ်ဦးထံ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

ရန်ကုန်မြို့မှ တွန်းဇံမြို့သို့ ပြန်လည်ဝင်ရောက်လာပြီး Community Based Facility Quarantine ဝင်ရောက်သူများကို Swab ရယူပြီး Rapid Test ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် မြဝတီမြို့နယ် ရွှေကုက္ကိုလ်-ထီးကော်ထော-မော်ဖားသူတောင်ခြေလမ်းကွင်းဆင်းစစ်ဆေး

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် စတင်ဆောင်ရွက်လျက်ရှိသည့် ရွှေကုက္ကိုလ်-ထီးကော်ထော-မော်ဖာသူတောင်ခြေလမ်း (၂၂/ဝ)မိုင်ပေါ်တွင် (၁/၄)မိုင် ကျောက်ခင်းခြင်းနှင့် ပေ(၃၀) ကွန်ကရစ် တံတား တစ်စင်း၊ (၃)ပေ ကွန်ကရစ်ရေပြွန်တစ်ခု တည်ဆောက်ခြင်းလုပ်ငန်းအား ယမန်နေ့က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြဝတီမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇောနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ် ဆေးခဲ့သည်။

ဟားခါးပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်း (၂၀) တန်ဖိုးရှိ ကျန်းမာရေး ပစ္စည်းလှူဒါန်း

ဟားခါးပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်း (၂၀) တန်ဖိုးရှိ ကျန်းမာရေးသုံး ပစ္စည်းလှူဒါန်းခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် နိုင်ငံတော်မှ ပြန်လည်စွန့်လွှတ်သော ယာမြေ၌ တောင်သူများ ယာယီပုံစံ(၃) ပေးအပ် နိုင်ရေး ကွင်းဆင်းစိစစ်ဆောင်ရွက်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ငွေတောင်မျိုးသန့် ခြံအဖြစ် ဆောင်ရွက်ခဲ့သော ဝမ့်လထွား ကျေးရွာ(ရွှေပန်းတော) ကွင်းအမှတ်/ အမည်(၂၂/ဝမ့်လထွားအရှေ့ ကွင်း)၊ ၁၂/ဝမ့်လထွား ရွာတွင်းရှိ ယာမြေအမျိုးအစား၊ ဦးပိုင်အမှတ် (၅/၂)၊ ဧရိယာ ၄၉ ဒသမ ၂၃ ဧကရှိမြေကို နိုင်ငံတော်မှ ပြန်လည်အပ်နှံမှုအပေါ် ကျေးရွာမြေအဖြစ် ၂၉ ဒသမ ၉၃ ဧက အသုံးပြုခဲ့ပြီး ကျန်ရှိသော ယာမြေ ၁၉ ဒသမ ၃၀ ဧကအား တောင်သူ လေးဦးထံ ယာယီပုံစံ(၃) ပေးအပ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက လွှတ်တော်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် ဆောင်းသီးနှံပဲမျိုးယှဉ်ပြိုင်ကွက်များ စိုက်ပျိုးထား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်)တို့ ပူးပေါင်း၍ ဆောင်းသီးနှံပဲမျိုးယှဉ်ပြိုင်ကွက်များကို ကြို့ပင်စခန်းကျေးရွာနှင့်ဝါးရုံပင်ဇင်းကျေးရွာရှိ တောင်သူသုံးဦး၏ လယ်မြေများတွင် စိုက်ပျိုးထားရှိကြောင်း သိရပါသည်။

တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က တာမွေ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာတွင် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် ဒေသရှိ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းများ

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် စားသောက်ဆိုင် များအား လိုက်လံစစ်ဆေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား လိုက်လံစစ်ဆေး ပညာပေးခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
Subscribe to