ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမှတ်(၇၁) ရပ်ကွက် ဗညားဒလလမ်းနှင့် လေးထောင့်ကန်ကျေးရွာ ရွာလယ်လမ်း ခင်းကျင်းနိုင်ရေး အခြေအနေများကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။