ဇေယျာသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်း စစ်ဆေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် မြို့နယ်စစ်ဆေးရေး အဖွဲ့များက ယနေ့ နံနက်ပိုင်းမှ စတင်ကာစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။