Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့သစ်မြို့နယ်၌ နိုင်ငံခြားတင်ပို့ကုန် ဖရဲသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
Dec 23,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးသီးနှံများတိုးပွားလာရေး၊ တောင်သူများ အနေဖြင့် စိုက်ပျိုးနည်းပညာရရှိပြီး မိမိတို့ကိုယ်တိုင်သီးနှံများ စိုက်ပျိုးလာနိုင်စေရန်ရည်ရွယ်၍ နိုင် ငံခြားတင်ပို့ကုန်ဖြစ်သည့် ဖရဲသီးနှံအား ယင်းချောင်းဘေး တစ်လျှောက်ရှိ တလုပ်ပင်ကွင်း ၊ မကြီး ထူးကွင်း ဧက(၂၀၀)တွင်ဗိုလ်မြင့်သူကုမ္ပဏီနှင့် အကျိုးဆောင် တောင်သူများပူးပေါင်း၍ ဖရဲသီးနှံအား စတင်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် ချီကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၄) ဦးထပ်မံတွေ့ရှိ
Dec 23,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ချီကျေးရွာတွင် စလင်းမြို့သို့ သွားရောက်ခဲ့သူ အမျိုးသားလူနာနှင့်ထိတွေ့သူများအား (RDT) Test Kid ဖြင့် Swab နမူနာယူ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၄)ဦး ထပ်မံ စစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၀) ကျင်းပ
Dec 23,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီ အစည်းအဝေးခန်းမတွင် Social Distancing နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်၌ အိမ်အပြင်ထွက်ပါက မဖြစ်မနေနှာခေါင်းစည်းတပ်ဆင်သွားလာရေး လှုပ်ရှားမှုပြုလုပ်
Dec 23,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ပါကနှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေးလှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်း က မြို့နယ်ယာယီပျံကျစျေးအတွင်း ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့ ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ( ၅ ) ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ပြု
Dec 23,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အထူးကြပ်မတ် ဆောင်၌ ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၅)ဦး ကျန်းမာရေး ကောင်းမွန်၍ ယမန်နေ့ မွန်းလွဲ(၁၂)နာရီကျော်က ဆင်းရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် ပင်စင်စားများအား နေ့အလိုက် ထုတ်ပေး
Dec 23,2020
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ကာလရောဂါ ထိန်းချုပ်ရေး ကာလ အတွင်း ပင်စင်များ ထုတ်ယူရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့မနက် ၇ နာရီမှစတင်ကာ ပင်စင်များကို ထုတ်ပေးလျက်ရှိကြောင်း မင်းဘူးမြို့ မြန်မာ့ စီးပွားရေး ဘဏ်မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့၌ ကိုဗစ်အတည်ပြုလူနာတစ်ဦး တွေ့ရှိ
Dec 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ မြဝတီမြို့မှပြန်လာသည့် အမျိုးသားတစ်ဦးထံတွင် ယမန်နေ့ က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာသစ် (၈၄) ဦး စံချိန်တင် ထပ်တိုး တွေ့ရှိ
Dec 23,2020
မကွေးတိုင်းဒေသကြီး၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာသစ် (၈၄)ဦး စံချိန်တင် ထပ်တိုးတွေ့ရှိခဲ့၍ တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း (၂၃၁၀)ဦး ရှိပြီဖြစ်ကြောင်း တိုင်းဒေသသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27902
Page
27903
Page
27904
Page
27905
Current page
27906
Page
27907
Page
27908
Page
27909
Page
27910
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department