အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2020
ကိုဗစ်-၁၉ ရောဂါကူးစက်ကာလ လှည်းကူးမြို့နယ်အတွင်းရှိ Quarantine Center များ၌ အနီးကပ် စောင့်ကြည့်ထားရှိသူများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် အထောက်အကူပြုစေရန် လှည်းကူးမြို့နယ် တံခွန်တိုင်အင်းစိန်ကျေးရွာအုပ်စုအတွင်းရှိ Beer Chang စက်ရုံမှ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊တားဆီးရေးကော်မတီသို့ ယမန်နေ့နံနက် (၁၀)နာရီခွဲက ငွေကျပ်သိန်း(၅၀) လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်းကားလမ်းမကြီးဘေး ညောင်ပင်သာကျေးရွာ၏ မြောက်ဘက် သီရိမြန်မာစွယ်တော်မြတ်တောင်ရိုးပေါ်တွင် သီရိလင်္ကာ နိုင်ငံ၊ ကန္ဒီ မြို့ရှိ ဗုဒ္ဓမြတ်စွာဘုရား၏ အောက်လက်ဝဲ စွယ်တော်ပွားကို ပင့်ဆောင်ကာ ကိန်းဝပ် တည်ထားပူဇော်လျက်ရှိသည်။
Dec 23,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေး အရေးယူခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ် အတွင်းရှိ (၄၀)ရပ်ကွက် စျေးတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများအား ရွေးချယ်ခြင်း လုပ်ငန်း  အစည်းအဝေးကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 23,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား သင့်တင့်​သော စျေးနှုန်းဖြင့် ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် အတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
Dec 23,2020
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ်(၂)ရပ်ကွက် ရွှေစေတီလမ်းအား မြေသား လမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ပြုလုပ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့် ကော်မတီဝင် များက ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Dec 23,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ သဘာဝရေပြင်နှင့် ဆည်ရေလှောင်တမံများတွင် ငါးသယံဇာတ ပေါကြွယ်ဝစေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ငါးရိက္ခာများ လုံလောက်စွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်မျိုးစိုက်ထည့်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ကံတင်ဘီးလင်းဆည် အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၁၂၀၀၀၀) စိုက်ထည့်ခဲ့ကြောင်း ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိုးသီတာ ထံမှ သိရသည်။
Dec 23,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ကလေးခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ အတည်ပြုလူနာများ၏ Contactများအား ဓာတ်ခွဲနမူနာများရယူပြီး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) သို့ ပေးပို့စစ်ဆေးသူ (၁၀) ဦးအနက် (၅) ဦးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ Positive အဖြေထွက်ရှိ ကြောင်းသိရသည်။