အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေ (၉,၈၈၈,၀၀၀) ကျပ်ဖြင့် ရင်းဘိုင်းကျေးရွာအုပ်စု ထီးပနားကျေးရွာ ကွန်ကရစ် တံတား Stone Pitching Slab Culvert (အလျား ၁၅ပေ x အနံ ၁၂ပေ x အမြင့် ၉ပေ) လုပ်ငန်းကို ယမန်နေ့က အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 23,2020
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Quarantine Center များသို့ ရောက်ရှိနေသော ပြည်သူများအတွက် ကိုးရီးယားနိုင်ငံမှ လှုဒါန်းသည့် ဆန်အိတ် (၂၅၀၀) တန်ချိန် (၁၀ဝ) အား ဒီဇင်ဘာလ ၂၁ ရက်နေ့က စတင်၍ တိုင်းဒေသကြီးမြို့နယ်အသီးသီးက Quarantine Center များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း မကွေးတိုင်းစိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
Dec 23,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် အစည်းအဝေးခန်းမဆောင်သစ်အား ယမန်နေ့ မွန်းလွဲ ၁ နာရီက လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့က လုပ်ငန်းအရည် အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 23,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဒိုင်းပြကျေးရွာအုပ်စု၊ ပုတိန်ကုန်းကျေးရွာတွင် တောင်သူလယ်သမားများ ကိုဗစ် − ၁၉ ရောဂါ ကာလအတွင်း ကျန်းမာသန့်ရှင်း လတ်ဆတ်ပြီး အသက်ရှင်နေထိုင် စားသောက်နိုင်ရေးအတွက် Home garden စိုက်ပျိုးနည်း စနစ်မှန်ကန်ရေး ပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တက်ရောက် ခဲ့ကြောင်း သိရသည်။
Dec 23,2020
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ဌာနဆိုင်ရာများ လူမှုရေး အသင်းအဖွဲ့များ ဒေသခံတိုင်းရင်းသားများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။
Dec 23,2020
ကရင်ပြည်နယ်၊ ​ကော့ကရိတ်ခရိုင်၊​ ကော့ကရိတ်မြို့၌ ခရိုင်​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ခရိုင် ဦးစီးမှူးရုံးသစ်ကို ယမန်​နေ့နံနက် (၁၀) နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့သည်။
Dec 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် အိမ်သုံးပစ္စည်းများနှင့် အမှတ်တံဆိပ်တူ ပစ္စည်းများ စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 23,2020
နှစ်(၁၀၀)ပြည့် အမျိုးသားနေ့တွင် Y.M.B.A အသင်းချုပ်ကြီးမှ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ရာ သာကေတမြို့နယ်၊ Y.M.B.A အသင်းခွဲအမှတ် (၂)မှ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူ (၂)ဦးအား ယမန်နေ့ မွန်းလွဲ(၃)နာရီက သာကေတမြို့နယ်၊