Aug 04, 2026
၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ် သြဂုတ်လတစ်လလုံးကို ‘‘အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ’’ အဖြစ် လှုပ်ရှားဆောင်ရွက်လာခဲ့ရာ ရည်ရွယ်ချက်များမှာ ပြည်သူလူထုက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန်၊ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရန်၊ ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်ထက်မြက်သော နိုင်ငံသားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်ရန်တို့ပင်ဖြစ်သည်။
Aug 03, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်၏ သဝဏ်လွှာပေးပို့ဖိတ်ကြားမှုအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(၁၂)ရက်မြောက်နေ့ အစီအစဉ်သို့တက်ရောက်၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားခဲ့ရာတွင် အာဆီယံနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သဘောထားခံယူချက်ကို အသိပေးချပြခဲ့သည်။
Aug 03, 2026
တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် အဂတိလိုက်စားမှုများ ကင်းရှင်းစေရန် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများအားလုံး စိတ်ထားမှန်ကန်စွာ လုပ်ဆောင်ကြရန် အထူးလိုအပ်ကြောင်း နိုင်ငံတော်အစိုးရ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြော ကြားသွားခဲ့သည်။
Aug 02, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်လွှဲပြောင်းယူခဲ့သည်မှာ ယခုအခါ ရက်ပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုကာလသည် နိုင်ငံတော်အစိုးရအဖွဲ့အတွက်သာမက နိုင်ငံတော်အတွက်ပါ အလွန်အရေးကြီးသည့် အခြေခံအုတ်မြစ်များကို ချမှတ်နိုင်ခဲ့သည့်ကာလဖြစ်သည်။ အစိုးရအနေဖြင့် အချိန်တိုကာလအတွင်း နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအုတ်မြစ်များကို ချမှတ်နိုင်ခဲ့သည်။
Aug 02, 2026
အစိုးရသည် ‘‘ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး ’’ နှင့် ‘‘ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ’’ ဆိုသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို လက်ကိုင်ထားပြီး ကဏ္ဍစုံတွင် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေ အရပ်ရပ်တို့အရ အဆိုပါဦးစားပေးရည်မှန်းချက်နှစ်ရပ်သည် တစ်ခုနှင့် တစ်ခုဆက်စပ်လျက်ရှိပြီး အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့်အမျှ မိမိတို့နိုင်ငံနှင့်နိုင်ငံသားများ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ကြမည်ဖြစ်သည်။
Aug 01, 2026
ကမ္ဘာပေါ်ရှိ တိုးတက်သည့်နိုင်ငံများသည် မိမိနိုင်ငံ၏ သမိုင်းမှတ်တမ်းများကို ခိုင်ခိုင်မာမာရေးထိုးထားကြသည်။ ခေတ်အဆက်ဆက် သမိုင်းကြောင်းများတည်တံ့ ထွန်းကားလာခဲ့မှုများကို မှတ်တမ်းတင်ထိန်းသိမ်းထားနိုင်ရန်နှင့် မျိုးဆက်သစ်များ ဆက်လက်လေ့လာမှတ်သားပြီး နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ မြင့်မားခိုင်ကျည်လာစေရန်အတွက် စာပေပညာရှင်များ၊ သုတေသီများက မွန်မြတ်သောစေတနာများဖြင့် ခေတ်အလိုက်မှတ်တမ်းတင်ထားခဲ့သည်။ အဆိုပါသမိုင်းမှတ်တမ်းများကို မပျောက်ပျက်အောင်၊ အဓွန့်ရှည်တည်တံ့အောင် စောင့်ရှောက်ထိန်းသိမ်းမျှဝေပေးကြရမည်ဖြစ်သည်။
Aug 01, 2026
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးသည့်နောက် လက်ရှိကာလသည် တတိယမြောက် ဒီမိုကရေစီအစိုးရနှင့် တတိယအကြိမ် လွှတ်တော်သက်တမ်းကာလဖြစ်သည်။ ပြီးခဲ့သည့် ပထမနှင့် ဒုတိယသက်တမ်းနှစ်ရပ်ကာလများအတွင်း အစိုးရများနှင့် လွှတ်တော်များ၏ အားသာချက်များနှင့် အားနည်းချက်များကို အစွဲကင်းကင်းဖြင့် ရှုမြင်သုံးသပ်လျှင် သင်ခန်းစာယူဖွယ်များ တွေ့မြင်နိုင်ပြီး မိမိတို့အနေဖြင့် အမှားအယွင်းကင်းစွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
Jul 31, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက် ကာလအတွင်း မြန်မာအာကာသအေဂျင်စီက ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာ လုပ်ငန်းများ အပ်နှင်းခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ဇူလိုင် ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ (MSA)၌ စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတက “MAH-1 ဂြိုဟ်တုမြေပြင် ထိန်းချုပ်ရေးစခန်းနှင့် Multi-Mission Operation Command and Control (MOCC)”ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ယခုကဲ့သို့ မြန်မာအာကာသအေဂျင်စီဖွဲ့စည်းနိုင်မှုနှင့် လုပ်ငန်းများတိုးတက်ဖွံ့ဖြိုးနေမှုများသည် နိုင်ငံတော်အတွက် အိပ်မက်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Jul 31, 2026
မိမိတို့နေထိုင်သည့်ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည်ဖြစ်သဖြင့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရမည်၊ အကျိုးရှိအောင်အသုံးချနိုင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အစိုးရ၏ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA)မှ ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်၍ သုံးသပ်လမ်းညွှန်မှာကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Jul 30, 2026
မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်းနှင့် ဂျပန်နိုင်ငံ INGO Peace တို့ ပူးပေါင်းကျင်းပသည့် မြန်မာ- ဂျပန်စီးပွားရေးဖိုရမ်ကို ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာကွန်ဗင်းရှင်းစင်တာ (ရန်ကုန်) မြို့၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး အသိပေးဖိတ်ခေါ်ခဲ့သည်။
