Jun 21, 2023
ပြည်သူများအတွက် နေ့စဉ်လူမှုဘဝလိုအပ်ချက်မှာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသင့်တင့်စွာဖြင့် အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသောက်ရေး ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝ၊ ရေခံမြေခံကောင်းများရှိပြီးဖြစ်၍ ပြည်သူများစားရေးအတွက် နေ့စဉ်လိုအပ်သည့် စားရေရိက္ခာများကို စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ လုံလောက်စွာထုတ်လုပ်ရောင်းချပေးလျက်ရှိသည်။
Jun 21, 2023
အမေရိကန်နိုင်ငံက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းတွင် ထည့်မည်ဟူသော သတင်းတစ်ပုဒ် ထိုင်းနိုင်ငံရုပ်သံသတင်းဌာနတစ်ခုက ထုတ်လွှင့်သွားသည့်အပေါ် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အထူးသဖြင့် မိမိတို့နိုင်ငံကို အလုံးစုံပျက်သုဉ်းသွားသည်အထိ မြင်တွေ့လိုသူ အဖျက်စိတ်ဓာတ်ရှိသူများ၊ မြန်မာနိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် အကြမ်းဖက်အုပ်စုဝင်များက ယင်းသတင်းအပေါ် ဝမ်းပန်းတသာရှိနေကြပြီး ပြည်တွင်းရှိလုပ်ငန်းရှင်များ၊ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသူများ၊ သင်္ဘောသားများ စသည့် အသိုင်းအဝိုင်းတို့က ယင်းသတင်းအပေါ် စိုးရိမ်နေကြခြင်းဖြစ်သည်။
Jun 20, 2023
ယနေ့ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသည့်အန္တရာယ်မှာ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် သို့မဟုတ် ပလတ်စတစ်ကဲ့သို့ စွန့်ပစ်အမှိုက် များအန္တရာယ်ဖြစ်သည်။ ပလတ်စတစ်ညစ်ညမ်းမှုများ လျှော့ချရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် ကုလသမဂ္ဂက တိုက်တွန်းထားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲကလည်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပလတ်စတစ်အန္တရာယ်နှင့် လျှော့ချဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောကြား ထားသည်။
Jun 20, 2023
ယဉ်ကျေးမှုဟူသည် လူတို့၏နေထိုင်ရာ ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု စသည်တို့အပေါ်တွင် အခြေတည်ပြီး ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းတစ်လျှောက် အတွေ့ အကြုံများမှ ပေါ်ထွန်းလာသည့် ဒြပ်ရှိ ဒြပ်မဲ့အရာများဖြစ်သည်။ သို့ဖြစ်ရာ လူမျိုး၊ လူမျိုးစု၊ လူမျိုးနွယ်အလိုက် နေထိုင်ရာဒေသ ကွဲပြားခြားနားသည်နှင့်အမျှ ယဉ်ကျေးမှုများသည်လည်း သီးခြားဝိသေသလက္ခဏာများဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှု များဖြစ်ထွန်းနေကြပြီး အတူတကွ နေထိုင်ခြင်း၊ အပြန်အလှန် ကူးလူးဆက်ဆံခြင်းတို့ဖြင့် ယဉ်ကျေးမှုများ ပေါင်းစည်းခြင်း၊ ရောယှက်ဆက်နွှယ်ခြင်း၊ ပြောင်းလဲတိုးတက်ခြင်းတို့လည်း ဖြစ်ပေါ်လာသည်။
Jun 17, 2023
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ စိုက်ပျိုးရေးကို ရှေးအစဉ်အဆက်လုပ်ကိုင်လာခဲ့ကြရာ သမားရိုးကျလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ရာသီဥတု၊ မျိုး၊ မြေနှင့် သွင်းအားစုအခြေအနေအမျိုးမျိုးတို့ကြောင့် အထွက်ကောင်း၊ အထွက် တိုးရေး၌ မျှော်မှန်းသလောက် အောင်မြင်ဖြစ်ထွန်းမှုမရှိခဲ့ပေ။
Jun 17, 2023
လူတို့ အသက်ရှင်ရေးအတွက် သွေးသည်မရှိမဖြစ်လိုအပ်သည်။ သွေးသည် အသက်ဟု အဆိုရှိသည်နှင့်အညီ ထိခိုက်ဒဏ်ရာရှိခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကလေးမွေးဖွားခြင်း၊ နာတာရှည်ရောဂါတစ်ခုခုကြောင့် သွေးပုံမှန်သွင်းရန်လိုအပ်ခြင်းအစရှိသည့် အရေးပေါ်သွေးလိုအပ်နေသူများအတွက် လုံခြုံစိတ်ချရသည့်သွေးရရှိရန် လွန်စွာအရေးကြီးသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ် ဇွန်လ၁၄ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့ဟု သတ်မှတ်ဂုဏ်ပြုကျင်းပလျက်ရှိသည်။
Jun 16, 2023
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇွန်လ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းသင့်ဒေသများသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များအနေဖြင့် ကိုယ်ကျိုးစီးပွားကို လျစ်လျူရှု၍ အနစ်နာခံပြီး အားကြိုးမာန်တက် စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် အသိအမှတ်ပြုဂုဏ်ပြုခဲ့သည်။
Jun 16, 2023
အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တစ်လပြည့်မြောက်သည့်အချိန်တွင် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်မှု အခြေအနေမှာ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိနေသည်ကို တွေ့မြင်နေကြရပြီဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာထားသည့် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံ မြို့နယ်များ၊ ချင်းပြည်နယ်မှ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်များတွင် မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြခြင်းဖြစ်သည်။
Jun 15, 2023
မျက်မှောက်ကာလတွင် အများပြည်သူတို့အနေဖြင့် လူမှုကွန်ရက်ပေါ်မှ နည်းပညာများနှင့် ဆိုရှယ်မီဒီယာများကိုအသုံးပြုနေကြသည်။ လူမှုကွန်ရက်သည် အများပြည်သူတို့ ပြောဆိုဆက်နွှယ်မှု၊ လူမှုစီးပွားဘဝများချိတ်ဆက်ဆောင်ရွက်မှု၊ သတင်းအချက်အလက်နှင့်အသိပညာဗဟုသုတများ မျှဝေခံစားမှုတို့ကို ပြုလုပ်သည့်နေရာဖြစ်သည်။ လူမှုကွန်ရက်သည် လူသားကမ္ဘာတွင် ကောင်းကျိုးများကိုဆောင်ကြဉ်းနိုင်ရန် ဖန်တီးထားသည့် နည်းပညာကွန်ရက်တစ်ခုဖြစ်သည်။
Jun 15, 2023
မြန်မာနိုင်ငံသည် ဒီရေတောအများအပြားရှိသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောအများဆုံးပိုင်ဆိုင် ထားသည့်နိုင်ငံဖြစ်သည်။ ဒီရေတောများသည် ပင်လယ်ကမ်းရိုးတန်း ကမ်းဦးရေတိမ်ပိုင်းကမ်းတက်မြေများနှင့် ပင်လယ်ဒီရေဝင်ရောက်သော မြစ်ချောင်းကမ်းစပ်များတွင် သဘာဝအလျောက် ပေါက်ရောက်နေသောတောများဖြစ်ပြီး လူနှင့် အခြားသက်ရှိဇီဝမျိုးစုံတို့အတွက် လွန်စွာအရေးပါသည့်တိုင် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးဆုံးရှုံးနေရသည့် သယံဇာတများလည်းဖြစ်သည်။
