Skip to main content
Apr 03, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ပါရှိသည့်အတိုင်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု အသိပေးထားသည်။
Apr 03, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာနပေါင်း ၁၂၀၀ ကျော်နှင့် နိုင်ငံခြားစာစစ်ဌာန ၂၀ တို့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း သုံးသိန်းခန့်တို့ ဖြေဆိုလျက်ရှိသည်။ ကျောင်းသား ကျောင်းသူတို့၏ ဘဝရှေ့ခရီးအတွက် တက္ကသိုလ်ဝင်စာမေးပွဲက အရေးကြီးသည်မို့ မိဘများနှင့်တကွ မိသားစုကပါ အလေးဂရုပြုကြသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် မိသားစုဝင် ကျောင်းသူ ကျောင်းသားတို့ကို လိုလေသေးမရှိ ဂရုစိုက်ကြသည်။ အရိပ်တကြည့်ကြည့်နှင့် စောင့်ရှောက်ကြသည်။
Mar 31, 2022
တစ်ကမ္ဘာလုံး ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှစ၍ ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းလာခဲ့ရာ အခြားနိုင်ငံများ နှင့်နှိုင်းစာလျှင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ဖြတ်ကျော်လာနိုင်ခဲ့သည်။ ကပ်ရောဂါဘေးကို ကျော်ဖြတ်ရာ၌ နိုင်ငံတော်အစိုးရ၏ အနီးကပ်ကြီး ကြပ်လမ်းညွှန်မှု၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများ၏ တက်တက် ကြွကြွဆောင်ရွက်မှုနှင့် ပြည်သူများ၏ အသိတရားဖြင့် နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်မှုတို့ကြောင့် အကောင်းဆုံးအနေ အထားသို့ရောက်လာခဲ့သည်။
Mar 30, 2022
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ရေးရပြီးကာလများတွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဖြစ်ပေါ်လာသော တိုင်းပြည် လိုအပ်ချက်ကိစ္စအဝဝတို့ကို အမျိုးသားနိုင်ငံရေး တာဝန်အဖြစ်ခံယူပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ဒို့တာဝန်အရေး (၃)ပါးကို ထိခိုက်လာနိုင်သည့် အန္တရာယ်များကို အလေးထား ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။
Mar 30, 2022
မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာ‌ကောင်းလှအောင် အားနည်းနေပြီး မပြင်မဖြစ်ပြင်ရန် လိုအပ်နေသည်။ မိမိတို့နိုင်ငံ၏ ပညာရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာခဏပင် အလေးအနက် တိုက်တွန်းပြောကြားလျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။ ပညာရေးမြှင့်တင်မှု မဖြစ်မနေပြုလုပ်ရန်၊ အခြေခံအားဖြင့် နိုင်ငံသားအားလုံး အလယ်တန်းအဆင့် ပြီးဆုံးအောင်မြင်ရန် တို့သည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများအရ အမှန်တကယ် ဆောင်ရွက်ကြရမည့် လုပ်ငန်းများပင် ဖြစ်သည်။
Mar 27, 2022
၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် (၇၇)နှစ်မြောက် တပ်မတော်နေ့ဖြစ်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ သန္ဓေတည် မွေးဖွားလာသော တပ်မတော်သည် (၇၇)နှစ်တိုင်တိုင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့ကို အလုပ်အကျွေးပြုခဲ့ပြီးဖြစ်သည်။ ရှေ့ဆက်ပြီး လည်း ပြည်ထောင်စုကြီး ထာဝစဉ်အဓွန့်ရှည်အောင် စောင့်ရှောက်ကာကွယ်ပြီး နိုင်ငံတော်နှင့်ပြည်သူကို ဆက်လက်အလုပ်အကျွေး ပြုနေဦး မည်ဖြစ်သည်။
Mar 27, 2022
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရမှာ ဒီမိုကရေစီဖြစ်သည်။ နိုင်ငံတော် အခြေခံမူများတွင် နိုင်ငံတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေးနှင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟူ၍ ပြဋ္ဌာန်းထားသည်။
Mar 25, 2022
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်းထောင်ချီ အေးအတူ ပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့ကြသည်။ နှစ်ပေါင်းထောင်ချီကာလအတွင်း တိုင်းပြည် အန္တရာယ်ရန်စွယ်များကို တိုင်းရင်းသား လူမျိုးများသည် သတ္တိစွမ်းရည်ပြည့်ဝစွာဖြင့် အတူပူးပေါင်းလက်တွဲ တွန်းလှန်ကာကွယ်ခဲ့ကြသည်။ ၁၉ ရာစု ကာလတွင် ကမ္ဘာကြီးသည် တိုးတက်ပြောင်းလဲလာခဲ့သည်။
Mar 25, 2022
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်) တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ပြသသွားတော့မည်ဆိုသော သတင်းက ရုပ်ရှင်ချစ်ပရိသတ်များနှင့် ရုပ်ရှင်လောကသား အားလုံးတို့အတွက် မင်္ဂလာသတင်းပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် နိုင်ငံရေး အပြောင်းအလဲတို့တွင် လုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည့် မြန်မာ့ရုပ်ရှင်မှာ ဒဏ်ရာအနာတရ များစွာနှင့် အထိနာခဲ့ရသည်။ ရုပ်ရှင်ထုတ်လုပ်မှုလုပ်ငန်း (Film Industry) ၏ အလွှာ အသီးသီးတွင်
Mar 24, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် တပ်မတော်နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် များပါရှိရာ နိုင်ငံတော်အခြေခံမူများ၌ နိုင်ငံတော်၏အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးဟူသော မူတစ်ရပ်လည်းပါဝင်သည်။ ၎င်းအခြေခံမူအရ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ခြင်းအပေါ် ဒီမိုကရေစီစံနှုန်းနှင့်မညီဟူသော အကြောင်းပြချက်ဖြင့် ပြည်တွင်းနိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမား အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လေသံ ပစ်လေ့ရှိသည်။ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် လေ့ရှိသည့် အနောက်အုပ်စုဝင်အချို့ကလည်း ၎င်းတို့၏ နောက်မှကျားကန်ကာ မြှောက်ထိုးပင့်ကော် ဝင်လုပ်လေ့ရှိသည်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှ တပ်မတော်အား ဖယ်ရှားရေးပင် ဖြစ်သည်။