Skip to main content
Feb 11, 2020

ဤမြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသား လူမျိုးများသည် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း မြစ်ကြီးများ၊ လွင်ပြင်များနှင့် ပတ်လည်ဝိုင်းနေသော ကုန်းပြင်မြင့်နှင့် တောင်တန်းကြီးများ၌ မရှိမပူ၊ ရှိမပူ အေးချမ်းစွာ နေထိုင်ခဲ့ကြပြီး အရေးရှိလျှင်လည်း

ကောင်းတူဆိုးဖက်ရင်ဆိုင်ခဲ့ကြသည်။ ပြည်ထောင်စု၌ အတူနေထိုင်ကြသော ပြည်ထောင်စုသားများသည်တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သူများ ဖြစ်ကြ၍ အချိန်ကာလအလိုက်ဖြစ်ခဲ့ကြသော သမိုင်းဖြစ်စဉ်အတက်၊ အကျ များအပေါ်တွင် အဆိုးဘက်ကို အကျိုးဆက်မဖြစ်စေဘဲ သင်ခန်းစာယူ၍ အကောင်းဘက်ကို အကြောင်းဆက်ရမည်ဖြစ်သည်။

Feb 09, 2020

 

သူ့ကျွန်ဘဝက လွတ်မြောက်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီး နိုင်သော လွတ်လပ်သည့် မြန်မာ နိုင်ငံတော်၏သမိုင်းတွင် ပင်လုံ စာချုပ်က များစွာအရေးပါ၏။ သည့်ထက် နက်နက်ရှိုင်းရှိုင်း ကြည့်မြင်ပါလျှင် ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်တို့၏ ကျေးဇူးက ကြီးလှသည်ဟု ဆိုရ ပါမည်။ ။

တောင်တန်းမြေပြန့် မခွဲခြား၊ တိုင်းရင်းသားလူမျိုးစုတိုင်း တန်းတူညီမျှ လွတ်မြောက်ကြစို့ ဟူသည့် မျှော်မှန်းချက်ကို အမြင့် ဆုံးလွှင့်ထူကာ နိုင်ငံသားတို့၏ သွေးစည်းမှုညီညွတ်မှုကို ပင်လုံ စာချုပ်ဖြင့် ဖော်ပြခဲ့သည်။

Feb 09, 2020

ကမ္ဘာပေါ်တွင် လူ ၁၀၀ လျှင် ၉ဝ မှာ ညစ်ညမ်းသောလေကို ရှူရှိုက်မိနေကြရပြီး လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ်လူခုနစ် သန်းခန့် သေဆုံးနေကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ လေ့လာတွေ့ရှိချက်များအရ သိရသည်။ ညစ်ညမ်းသည့် လေထုထဲတွင် အန္တရာယ်ရှိ ဓာတု ပစ္စည်းများနှင့် အမှုန်အမွှား၊ အရည်တို့ရေ ပျံ့နှံ့နေကြသည်။ မော်တော်ကား၊ မီးရထား၊ သင်္ဘော၊ စက်ရုံစသည်တို့မှ ထုတ်လွှတ်သော အခိုးအငွေ့များ၊ အမှိုက်မီးရှို့ခြင်း၊ တောမီးရှို့ခြင်းတို့မှ ထွက်ရှိ လာသည့် မီးခိုးငွေ့များ၊ ယာဉ်များ သွားလာခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကဲ့သို့သော လုပ်ငန်းခွင်များမှ ထွက်ပေါ်လာသော အမှုန်အမွှားများတို့ကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာ

Feb 08, 2020

" ငြိမ်းချမ်းမှ တည်ငြိမ်၊ တည်ငြိမ်မှ ဖွံ့ဖြိုး၊ ဖွံ့ဖြိုးမှ ခေတ်မီ" ဆိုသည့်အတိုင်းတောင်တန်း၊ ပြည်မ ခွဲခြားခြင်းမရှိဘဲ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်လာရေး အတွက် မိမိတို့အားလုံး ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ကြိုးပမ်းအားထုတ် ကြရမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် တိုက်တွန်းပြောကြားထားသည်။

Feb 07, 2020

“တိုင်းရင်းသားပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဘက်လိုက်မှုကင်းပြီး ဥပဒေနှင့်အညီ တရားမျှတသော စီမံဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုမျိုး ကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာ ဒီမိုကရေစီ၏ အခြေခံအခွင့် အရေးဖြစ်ပါကြောင်း” ဖေဖော်ဝါရီလ ၇ ရက်နေ့ကတောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

Feb 07, 2020

မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈ - ၂၀၃၀) မကြာမီက ပေါ်ထွက်လာသည်။ ယင်းမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်သူ/ပုဂ္ဂလိက ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အဓိကပါဝင် ပတ်သက်သူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အကြံပေးပုဂ္ဂိုလ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ အားသွန်ခွန်စိုက် ပူးပေါင်းကြိုးပမ်းကာ ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

Feb 07, 2020

ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) စောင့်ကြပ်ကြည့်ရှုမှုနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (WWW. mohs.gov.mm) က အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိသည်။ ဖေဖော်ဝါရီလ ၆ ရက် ညနေ ၆ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) သံသယလူ နှစ်ဦးအပါအဝင် လူနာခုနစ်ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေများ သက်သာကောင်းမွန်လျက်ရှိကြောင်း အဆိုပါ အင်တာနက် စာမျက်နှာတွင် တွေ့ရှိရသည်။

Feb 07, 2020

၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုစစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည်။ ယခုထုတ်ပြန်သည့် အစီရင်ခံစာသည် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးတို့ ပူးပေါင်းတိုင်းတာ၍ ရရှိခဲ့သည့် ၂၀၁၉ ခုနှစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းကောက်ယူခြင်း ရလဒ်များကို တင်ပြသည့်အစီရင်ခံစာ ဖြစ်သည်။ အဆိုပါစစ်တမ်းအရ မြန်မာနိုင်ငံ၌ တရားမဝင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ၂၀၁၄ ခုနှစ်မှစတင်၍ ယခုနှစ်အထိ ပြန်လည်ကျဆင်း ခဲ့ကြောင်း သိရသည်။

Feb 05, 2020

ဒုတိယကမ္ဘာစစ်ကြီးသည် ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ကံကြမ္မာကို များစွာ ပြောင်းလဲသွားစေခဲ့သည်။ တစ်ချိန်က နယ်ချဲ့အင်ပါယာများ တစ်ခုပြီးတစ်ခု လဲပြိုသွားကြပြီး အင်ပါယာအရှင်သခင် နိုင်ငံများမှာလည်း လက်အောက်ခံ ကိုလိုနီနိုင်ငံများကို လက်လွှတ်ရကာ တစ်ချိန်က နေမဝင် အင်ပါယာသည်လည်း နိဂုံးချုပ်ခဲ့ရသည်။ မဟာမိတ်နိုင်ငံများဘက်မှ ဗြိတိန်နိုင်ငံသည် ဒုတိယ ကမ္ဘာစစ်တွင် စစ်နိုင်သည့်ဘက်မှဖြစ်သော်လည်း စစ်ကြီးအပြီးတွင် ခြေကုန်လက်ပန်းကျကာ အင်ပါယာကို လက်လွှတ်ရအံ့အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

Feb 04, 2020

လူငယ်ဘဝသည် လူတစ်ဦး၏ ဘဝအစပိုင်းကာလဖြစ်သည်။ ပထမ အရွယ်ဖြစ်၍ ပညာရှာသည့် အရွယ်လည်းဖြစ်သည်။ သို့ရာတွင် လူငယ်ဘဝ ပထမအရွယ်မှာပင် ကံအကျိုးပေးမလှ၍ မိဘမဲ့ဘဝသို့ ရောက်သွား ကြရသူများ၊ မိဘနှစ်ဦး သို့မဟုတ် တစ်ဦးဦးတို့ရှိသည့်တိုင်အောင် မိသားစု ပြဿနာများကြောင့် လေလွင့်ကလေးသူငယ်၊ လေလွင့်လူငယ်ဘဝသို့ ရောက်သွားကြရသူများ၊ ဗီဇစရိုက်ကြောင့်ဖြစ်စေ၊ မကောင်းသည့် ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ မူးယစ်ဆေးစွဲ၍ဖြစ်စေ ငယ်ငယ်ရွယ်ရွယ် နှင့် ပြစ်မှုကျူးလွန်ကြကာ ဒုစရိုက်သမားဘဝ ရောက်သွားကြရသူများ စသည်ဖြင့် ဘဝနောက်ခံအကြောင်း အမျိုးမျိုးတို့ကြောင့် စာသင်ခန်းနှင့် ဝေး၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာနှင့်လည်း ဝေးကြရသူလူငယ် များစွာတို့ ရှိနေ